ရေကန်တာရိုးကို မိုးမကျခင် အချိန်မီ ပြုပြင်တည်ဆောက်ရန်လိုအပ်သဖြင့် ကျေးရွာလူထုက ဆက်လက်အလှူခံပြီး ကြိုးပမ်းခဲ့ကြရာတွင် စုပေါင်းကုန်ကျငွေ ၈၀ သိန်း ကျပ်ဖိုးတွင် နာရေးကူညီမှုအသင်း (ရန်ကုန်)က အလှူငွေ ကျပ် သိန်း ၄၀ လှူဒါန်းထည့်ဝင်ခဲ့သည်။ အင်န်အယ်ဒီလွှတ်တော်အမတ် ဦးမြင့်သိန်းနှင့် ပါတီဝင်များကလည်း ၀ိုင်းဝန်း ကူညီလုပ်ဆောင်ပေးခဲ့သည်ဟု ဆိုသည်။ အင်န်အယ်ဒီပါတီ၏ ဒေသခံ တာဝန်ခံတဦးဖြစ်သူ ကိုစိုးမိုးက ပြောဆိုရာတွင် လုပ်ငန်းရှင်များ၊ ကုမ္မဏီများကလည်း အဆိုပါ ရေကန်တာဘောင်ရိုး အလှူသို့ ၀ိုင်းဝန်းထည့်ဝင်ကြသည်ဟု သိရသည်။ ညောင်ပင်ရွာအရှေ့ကျောင်း ဆရာတော် ဦးဓမ္မဓဇက လုပ်အားပေးများအတွက် စားသောက်စာရိတ်များကို ကုသိုလ်ပြု ပေးသည်။ အဆိုပါ ရေကန်ကို ကျေးရွာစုများဖြစ်သော ညောင်ပင်ရွာ၊ ညောင်ပင်သာ၊ တည်ပင်ကန်ပေါက် ၃ ရွာက အမှီပြု ရပ်တည်နေကြရသည်ဟု သိရသည်။
Moe Cab in Hawaii
မူရင်းသတင်းက ဒီမှာပါ။

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။