/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, April 5, 2012

.

ကော့မှူးပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို အပ်လိုက်ပြီဟု ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်း ဆို


ကော့မှူး ပြည်သူတွေ က ဒေါ်အောင်ဆန်းစုကြည် ကို အပ်လိုက်ပြီ ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်သည့် ရှုံးနိမ့် ကိုယ်စားလှယ်လောင်း ဒေါက်တာ စိုးမင်းက ပြောသည်။

”ပြည်သူတွေက အမေစုကို ချစ်တာပဲလေ၊ ကော့မှူးမြို့နယ် ကအမေစုကို အပ်လိုက်ပြီပေါ့၊ ကိုယ်တို့နိုင်ငံကြီး အချုပ်အခြာ အာဏာ တည်မြဲအောင် အမေစု ဆက်လုပ်ပါ လိမ့်မယ်”ဟု ဒေါက်တာ စိုးမင်းက ဆိုသည်။

ကော့မှူးမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည် အနိုင်ရလိုက်ခြင်း ကြောင့် ကော့မှူးဒေသခံ များအနေ ဖြင့် ရှေ့ရေးကို စိတ်အေး ရပြီဖြစ် ကြောင်း၊ ၄င်းအနေဖြင့် ရှုံးနိမ့်ရ သည့်အပေါ် တစ်စုံတစ်ရာ စိတ်ထိခိုက် မှု ရှိမနေကြောင်း ဆိုသည်။

”ဆရာဝန် တစ်ယောက်ရဲ့ စိတ် ခံစားချက်လိုပေါ့၊ ကိုယ်ကုတဲ့ လူနာ သေသွားတာလည်း ကြုံရတာပဲ၊ ဒါပေမဲ့ ကိုယ်တို့ ကတော့ ထုံနေပါ ပြီ၊ စိတ်ထိခိုက်မှု မရှိပါဘူး”ဟု ၄င်း ကပြောသည်။

”အတိအကျတော့ မသိဘူး၊ မဲ အားလုံးပေါင်းနေတုန်းပဲ၊ ကိုယ်လည်း ထိုင်စောင့်နေတာ၊ ၇ဝ/၃ဝ အဲဒီ လောက်ဖြစ်မယ် ထင်တယ်။ ဒါမှမဟုတ် ၈ဝ/၂ဝ လောက်သွားလိမ့် မယ်ထင်တယ်” ဟု ဒေါက်တာ စိုးမင်း ကပြောပြီး ကျေးရွာများမှ ဖုန်းဆက်ပြီး အကြောင်းကြားမှု အရ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရသွားပြီဟု ဆိုသည်။

ကော့မှူး မြို့နယ်တွင် မဲရုံပေါင်း တစ်ရာကျော် ရှိရာ သမင်ခြံနှင့် ရွာတန်းရှည် ကျေးရွာ များတွင်သာ ၄င်း အနေဖြင့် အား သာကြောင်း ဆို သည်။

”သမင်ခြံကတော့ သေချာတယ်။ ရွာတန်းရှည် ကတော့ မပြောတတ် သေးဘူးဟု ၄င်း၏ မဲအခြေအနေကို ပြောသည်။

၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲ ၏ သန့်ရှင်း မျှတမှုနှင့် ပတ်သက်၍ ”ရှင်းရှင်းပြောမယ်ဗျာ၊ မမျှတဘူး လို့ ဘယ်သူပြောချင်သေးလဲ၊ အဲ့ဒီ ပြောချင်တဲ့ လူတွေကိုလည်း ဖိတ်ခေါ်ပါတယ်။ မဲပေးတာ လျှို့ဝှက် မဲနဲ့ပဲ” ဟု ပြော ပြီး အောင်ပွဲခံ မည့် သူများကိုလည်း စည်းလွတ် ဝါးလွတ် အပျော်မလွန် စေချင်ကြောင်း ပြောသည်။

ကျော်ရဲလင်း

(DVB ၏ တွေ့ဆုံမေးမြန်းမှုအား ပြန်လည်ဖော်ပြသည်။)

မူရင်းလင့်က ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။