/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Sunday, April 1, 2012

.

လှိုင်သာယာမြို့နယ် အင်န်အယ်ဒီဥက္ကဋ္ဌဟောင်း ဦးမြင့်လှိုင် အုန်းဖျံဒုက္ခသည်စခန်းတွင် ကွယ်လွန်

လှိုင်သာယာမြို့နယ် အင်န်အယ်ဒီပါတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည့် ဦးမြင့်လှိုင် (၇၆ နှစ်)သည် ယနေ့နေခင်း ၂ နာရီခန့်က ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖျံဒုက္ခသည်စခန်းမှာ ကွယ်လွန်ခဲ့ပြီလို့ သိရပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေကြတဲ့ သမီးများဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း မစန်းစန်းမော်၊ မအေးရီဌေး တို့က ဧပြီ ၆ ရက်မှာ ရက်လည်ဆွမ်းကပ်ကြမယ်လို့ ပြောပါတယ်။ ရုတ်တရက် ကြားသိရတဲ့သတင်းဖြစ်လို့ ရပ်နီးရပ်ဝေးက မိတ်ဆွေများကို မိုးမခရွာဆော်ကြီးကဏ္ဍကန တဆင့်အကြောင်းကြားလိုပါတယ်လို့ ဆိုပါတယ်။

ဦးမြင့်လှိုင်က အင်န်အယ်ဒီပါတီရဲ့ လှိုင်သာယာမြို့နယ် ဥက္ကဋ္ဌအဖြစ် ၁၉ ၉ ၈ က ၂၀၀၈ အထိ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၀၃ ခုနှစ်မှာ စစ်အစိုးရရဲ့ ဖမ်းဆီးနှိပ်စက်ခြင်းကို ခံခဲ့ရပါတယ်။ ၂၀၀၇ ရွှေဝါရောင်၊ ၂၀၀၈ နာဂစ်အရေးကိစ္စတွေမှာ လှုပ်ရှားဆောင်ရွက်ခဲ့ပြီးနောက်ပိုင်း စစ်အစိုးရက ထပ်မံဖမ်းဆီးရန် လုပ်ဆောင်လာသဖြင့် ၂၀၀၈ နောက်ပိုင်းမှာ ထိုင်းမြန်မာနယ်စပ်ကို တိမ်းရှောင်လာခဲ့တယ်လို့ ဆိုပါတယ်။

မူရင်းလင့်က ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။