/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, March 14, 2012

.

စီဒီအမ်အေ ၈၀၀ ဖုန်း Proxy နံပါတ်ရိုက်ထည့်ရန်မလိုဘဲ အင်တာနက်သုံးနိုင်ပြီဟုဆို

ကျပ်ငါးသိန်းတန် စီဒီအမ်အေ ၈၀၀မဂါဟဇ်ဖုန်းများအား EVDO စနစ်ဖြင့် အင်တာနက်အသုံးပြုရာ တွင် ယခင်ကကဲ့သို့ Proxy နံပါတ် များကိုခံပြီးအသုံးပြုရန် မလိုတော့ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှသိရသည်။

ယခုကဲ့သို့ ( 192.1678.50.16 ) အစရှိသည့် Proxy နံပါတ်များ ကိုကျော်ကာ တိုက်ရိုက်အသုံးပြုနိုင်သည့်အတွက် ယခင်ကဖြည့် စွက်ရိုက်နှိပ်ရသည့် အဆိုပါ နံပါတ်များနေရာအား အလွတ်ထားခဲ့ ကာအသုံးပြုရတော့မည်ဟုသိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၄င်းတို့၏ CDMA 800 MHz EVDO စနစ်များအား ယင်းကဲ့သို့ ပြောင်းလဲပေးလိုက်ခြင်းအတွက် ယခင်က Proxy နံပါတ်များနှင့် အသုံးပြုနေသူများအနေဖြင့် အခက်အခဲများဖြစ်ပေါ်နေသည်ဟုလည်း သုံးစွဲသူအချို့ထံမှသိရသည်။ ထို့အပြင် အဆိုပါမိုဘိုင်းဖုန်းစနစ်ဖြင့် အင်တာနက်အသုံးပြုရာတွင် Username များအား တစ်ခုနှင့်တစ်ခု မတူညီအောင်သုံးစွဲရမည်ဟုလည်း သိရသည်။ “ Username တွေထပ်နေရင် အင်တာနက်ချိတ်ဆက်ပြီး သုံးတဲ့နေရာမှာ အခက်အခဲဖြစ်လိမ့်မယ်။ သုံးလို့ရမှာမဟုတ်ဘူး။ အဲ့ဒီအတွက် EVDO စနစ်နဲ့ အွန်လိုင်းစနစ်အသုံးပြုတဲ့သူတွေ Username မထပ် အောင် ဂရုစိုက်ဖို့အရေးကြီးပါတယ်”ဟု ရန်ကုန်မြို့တွင်းဖွင့် လှစ်ထားသည့် မိုဘိုင်းဖုန်းဝန်ဆောင်မှုဆိုင်တစ်ဆိုင်မှ ကျွမ်း ကျင်သူတစ်ဦးကဆိုသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် အဆိုပါစီဒီအမ်အေ ဖုန်းများအား EVDO စနစ်ဖြင့် အင်တာနက်အသုံးပြုနိုင်သော စနစ်ကိုပြီးခဲ့သည့်နှစ်အောက်တိုဘာလက စတင်ချထားပေးခဲ့ပြီးယင်းဝန်ဆောင်မှုအတွက် ကျပ်သုံးသောင်း ထပ်မံပေးသွင်းရမည်ဖြစ်သည်။ အဆိုပါ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ်ဖုန်းများ၏ EVDO စနစ်တွင် မြန်နှုန်းများ ဆက်တိုက်ကျဆင်းနေမှုကြောင့်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင်လျှောက်ထားသူများ ကျဆင်းလျက်ရှိကြောင်းသတင်းရရှိသည်။ “အခုရက်ပိုင်း EVDO စနစ်ကိုလျှောက်တဲ့သူ တွေတော်တော်ကျသွားတယ်။ စချထားပေးတဲ့အချိန်ကထက် တော်တော်လေးနည်းသွားတာ။ အင်တာနက်မြန်နှုန်းက ပမာဏတော်တော်လေးကျသွား တာဆိုတော့အဲ့ဒီအကျိုး ဆက်ကြောင့်ပဲ လျှောက်ထားသူကျသွားတာပါ”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကစတင်ပြီးဆက်သွယ်မှုများကျဆင်းခဲ့သည့် CDMA 800 MHz ၏ EVDO စနစ်သည် အမြန်နှုန်းအားဖြင့် 3Mb မှ 128Kbps အထိကျဆင်းခဲ့သည့် အတွက် သုံးစွဲရာတွင်လုပ်ငန်းကြန့်ကြာခြင်းနှင့် အသုံးပြုခများကိုလည်း တစ်မိနစ်လေးကျပ်နှုန်းဖြင့် ပုံမှန်ဖြတ်တောက်မှုများရှိနေခြင်းကြောင့် သုံးစွဲသူများအတွက် အဆင်မပြေခြင်းများနှင့် ကြုံတွေ့နေရကြောင်းသိရသည်။ “ကျွန်တော်တို့ စသုံးတုန်းကတော့ မြန်နှုန်းတအားကောင်းတယ်။ ဘယ်ဝက်ဘ်ဆိုက်ကိုဖွင့်လိုက် ဖွင့်လိုက် ချက်ချင်းဆိုသလို ပွင့်တာ။ ခုတော့တော်တော်လေးကိုနှေးနေတဲ့အပြင် တစ်မိနစ်လေးကျပ်ကလည်း ပုံမှန်ဖြတ်နေတော့ ပိုက်ဆံလည်းကုန်၊ အလုပ်လည်းမဖြစ်ဖြစ် နေတယ်” ဟု ရန်ကုန်မြို့တွင်းရှိ နည်းပညာကုမ္ပဏီတစ်ခုတွင် တာဝန်ထမ်းဆောင်နေသည့် အသက် ၄၀နှစ်အရွယ်ရှိ ၀န်ထမ်းတစ်ဦးကပြောသည်။ ယခုကဲ့သို့ အဆိုပါစီဒီအမ် အေဖုန်းများဖြင့် ချိတ်ဆက်အသုံး ပြုရသည့် EVDO စနစ်များဆက်သွယ်မှုအမြန်နှုန်းများကျဆင်းနေရခြင်းအကြောင်းနှင့် ပတ်သက်ပြီးမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများကမူ ၄င်းတို့ကိုယ်တိုင်လည်း မည်သည့်အကြောင်းကြောင့် ဖြစ်ပေါ်နေရခြင်းကို အတိအကျမသိရှိဟုဆိုကြသည်။

7 Day News Journal မှ

မူရင်းလင့်က ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။