/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 12, 2012

.

ရုပ်သံ က နေ ဒေါ်စု မိန့် ခွန်း ပြောမယ်


အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ လ ၁ရက် နေ့  လကျင်းပမည့် ကြားဖြတ် ရွေးကောက် ပွဲ အတွက် နေပြည်တော် ပြန်ကြားရေး ၀န်ကြီးဌာန မြန်မာ့ ရုပ်မြင်သံကြား တွင် တိုင်းပြည်သို့  မိန့် ခွန်း ပြော ရန် အတွက် ယနေ့  နေ ပြည်တော် သို့ သွားရောက် ရာ တွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော် အစည်းအဝေးခန်းမ သို့ လွှတ် တော် ဥက္ကဌ များ ဖိတ် ကြား ချက် အရ ၀င်ရောက် ကြည့် ရှု လေ့လာ ခဲ့ သည်။

ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနှင့် မတွေ့ ဆုံ မှီ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် နှင့် တွေ့ ဆုံခဲ့ သည် ဟု သတင်း ရရှိ သည်။

ဒေါ်အောင်ဆန်း စုကြည် ၏ ယနေ့  နေ ပြည်တော် ခရီး စဉ် သည် စတ္ထု ထမြောက် ဖြစ်ပြီး ယမန် နှစ် က သမ္မတ ဦးသိန်းစိန် နှင့် တွေ့ ဆုံ ရန် တစ်ကြိမ် ၊ ပါတီ မှတ် ပုံ တင်ခြင်း လွှတ်တော် ဥက္ကဌ နှစ် ယောက် နှင့် တွေ့ ဆုံ ရန် တစ်ကြိမ် သွား ရောက် ခဲ့ ဖူးသည်။

ပြီးခဲ့ သည့် သီတင်း ပတ် က နေပြည်တော် စည်းရုံး ရေး ခရီး စဉ် သွား ရောက် ခဲ့ ဖူးပြီး နောက် ယခု နှစ် အတွက် ဒုတိယ အကြိမ်မြောက် ဖြစ်သည်။

ဒေါ်အောင်ဆန်း စုကြည် ၏ ရုပ်မြင်သံကြား မှ ပြောကြား သည့် မိန့် ခွန်း ကို ဆင်ဆာ ဖြတ် တောက် မှု ရှိ သည် ဟု NLD ပါတီ က တရား ၀င် သတင်း ထုတ် ပြန်ထား သည်။

ယမန်နေ့  က မွန်ပြည်နယ် မြို့ များ ဖြစ်သည့် မော်လမြိုင် ၊ ဘီးလင်း ၊ မုတ္တမ ၊ သထုံ စည်း ရုံး ရေး ခရီးစဉ် များ ဉ် ဒေါ်အောင် ဆန်း စုကြည်က မြန်မာ နိုင်ငံ ရေးသည် မသေချာ မရေရာ သည့် အခြေ အနေ မှာ ပင် ရှိ နေသေး ကြောင်း ပြောကြား ခဲ့ သည်။




မူရင်းလင့်က ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။