/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 12, 2012

.

(၁၂.၃.၂၀၁၂) မှ (၁၈.၃.၂၀၁၂) ထိ ခုနစ်ရက်သားသမီးများအတွက် တပတ်စာဗေဒင်ဟောစာတမ်း


တနင်္ဂနွေ သား သမီး များ ၏ ကံကြမ္မာ

အိုးသစ်အိမ်သစ်၊ နေရာသစ်ပြောင်းရွှေ့ရတတ်သည်။ ကောင်းသောပြောင်းခြင်းဖြစ်သည်။ (၁၂.၃.၂၀၁၂ သူတပါးအတွက်သက်သေလိုက်ရတတ်သည်။ စိတ်ချမ်းသာစရာများ ဆက်တိုက်တွေ့လိမ့်မည်။ လာဘ်လာဘ အလွန်ရွှင်မည်။ အမျိုးသမီးဧည့်သည်တဦး အိမ်သို့ရောက်လာတတ်သည်။ ရောက်လာလျှင် ကောင်းသည်။ ခြေထောက်တွင်ထိခိုက်တတ်သည်။ အချစ်ရေးအဆင်မပြေသေးပါ။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပေါင်မုန့်ထောပတ်သုတ်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၁၊ ၂၊ ၄၊ ၇ )

တနင်္လာသားသမီးများ၏ကံကြမ္မာ

မြေအတွက်၊ အမွေအတွက် စကားအကြီးအကျယ်ပြောရတတ်သည်။ ငွေများဆက်တိုက်ဝင်မည်။ သို့သော် အဖတ်မတင်အောင်ကုန်နေမည်။ သူတပါးမှ အကြောင်းမဲ့ စွပ်စွဲပြောဆိုခြင်းခံရတတ်သည်။ လုပ်ငန်းသစ်လုပ်ရန်ပေါ်လာတတ်သည်။ မလုပ်ပါနှင့်၊ မပြီးပြတ်ပဲ တိုးလိုတန်းလန်းဖြစ်ပြီး ငွေများစွာကုန်တတ်သည်။ တခုပြီးတခုဖြစ်ပြီး ကျန်းမာရေးညံ့နေတတ်သည်။ ဆိုးဆိုးဝါးဝါးတော့မဟုတ်ပါ။ အချစ်ရေးတွင်လည်း မရေမရာဖြစ်နေမည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နွားနို့ပါသောမုန့်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၂၊ ၃၊ ၅၊ ၉ )

အင်္ဂါသားသမီးများ၏ကံကြမ္မာ

နိုင်ငံရပ်ခြားနှင့်ပတ်သက်သော ကိစ္စများပေါ်မည်။ အောင်မြင်မည်။ မင်းစိုးရာဇာ၏ဂုဏ်ပြုခြင်းခံ ရတတ်သည်။ ပူပင်သောကအားလုံးမေ့ပစ်လိုက်ပါ။ အားလုံးကောင်းတော့မည့်အချိန်ဖြစ်သည်။ စိတ်ချမ်းသာမှုများ တခုပြီးတခုဖြစ်မည်။ ကြံစည်ထားသော အကြံစည်များ ဆုတ်ဆိုင်းခြင်းမရှိ အားလုံးအဆင်ပြေမည်။ ထီပေါက်ကိန်းရှိသည်။ အဆုတ်နှင့်ပတ်သက်သောကျန်းမာရေးညံ့တတ်သည်။ အချစ်ရေး မိမိမျှော်လင့်စဉ်က မရခဲ့သောအချစ်ပြန်ရတတ်သည်။ ကောင်းသည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မုန့်လုံးရေပေါ်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း (၃၊ ၄၊ ၇၊ ၀)

ဗုဒ္ဓဟူးသားသမီးမျာ၏ကံကြမ္မာ

အလုပ်တွင်စိတ်မ၀င်စားသကဲ့သို့ဖြစ်နေမည်။ လုပ်ငန်းသစ်လုပ်ရန် ကြံစည်တွေးတောနေမည်။ သို့သော်ငွေရင်းပြီးစီးပွားမရှာပါနှင့်၊ အောင်မြင်မှုမရနိုင်သေးသောအချိန်ဖြစ်နေသည်။ ရင်းနှီးသောမိတ်ဆွေ ဆေးရုံတက်ရတတ်သည်။ သွားမေးပါ။ မိမိဆွေမျိုးသားချင်း တဦး နာရေးသတင်းကြားရတတ်သည်။ မိမိကိုယ်တိုင်စန်းအားကောင်းသောအချိန်ဖြစ်သည်။ ကိုယ်ကျင့်တရားမပျက်ရန် အထူးသတိထားပါ။ အသွားအလာ၊ အပြောအဆိုအစစအရာရာ သည်းခံပြီးနေပါ။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ပဲပေါက်စီကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၄ ၊၅၊ ၈၊၁ )

 ကြာသပတေးသားသမီးများ၏ကံကြမ္မာ

အလုပ်တွင် နာမည်ကြီးခြင်း၊ ရာထူးတိုးခြင်း၊ လစာတိုးခြင်းဖြစ်တတ်သည်။ မျက်စိနှင့်ပတ်သက်ပြီး ငွေကုန်ရခြင်း ၊ မျက်မှန်ဒီဂရီတိုးရခြင်း၊ ဆိုင်ကယ်ကြောင့်ငွေကုန်ရခြင်းများဖြစ်နေမည်။ စာရွက်စာတမ်းကြောင့် စိတ်ညစ်စရာ၊ လက်အောင်ငယ်သားကြောင့် ကြီးကဲသူ၏ငြိုငင်မှု ခံရတတ်သည်။ စာရင်းအင်းမှားသောကြောင့် ငွေအတွက်သောက ဖြစ်ရတတ်သည်။ အလွန်ခင်မင်သောမိတ်ဆွေနှင့် အဆင်မပြေဖြစ်ကာဆက်ဆံရေးပျက်ပြားတတ်သည်။ အချစ်ရေးတွင် သာယာပျော်ရွှင်နေရမည်။

ယတြာ။ မွေးနေ့နံနကွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား စမူဆာကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၅၊ ၆၊ ၉၊ ၂ )

သောကြာသားသမီးများ၏ကံကြမ္မာ

ပြည်တွင်းပြည်ပ ခရီးသွားရတတ်သည်။ မိမိထက်အသက်ကြီးသူ/ ရာထူးကြီးသူပြောင်းရွှေ့ရတတ်သည်။ ဘ၀အတွက်လက်တွဲဖော်ကောင်းတွေ့ရတတ်သည်။ မထင်မှတ်ထားသောအလုပ်အကိုင်များ လုပ်ရန်အကြောင်းပေါ်လာမည်။ ကောင်းသည်၊ အောင်မြင်လိမ့်မည်။ ရဲရဲသာလုပ်ကိုင်ပါ။ စီးပွားတက်တော့မည်။ သို့သော်ဖြတ်လမ်း စီးပွားမရှာပါနှင့်။ ကျန်းမာရေးကောင်းနေသည်။ အချစ်ရေးတွင် ရုတ်တရက်ချစ်သူရမည်။ ထိုချစ်သူမျိုးသည်ဘ၀လက်တွဲဖေါ်ဖြစ်မည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နန်ကထိုင်မုန့်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၆၊ ၇၊ ၀၊ ၃)

စနေသားသမီးများ၏ကံကြမ္မာ

အလုပ်တွင် လစာတိုးခြင်း၊ ရာထူးတိုးခြင်း၊ လာဘ်လာဘရွှင်ခြင်း ဖြစ်နေမည်။ ခရီးသွားရတတ်သည်။ စက်ပစ္စည်းဝင်ခြင်း၊ အဖိုးတန်ကျောက်မျက်ရတနာဝင်ခြင်း၊ ဆိုင်ခန်းဝင်ခြင်း၊ ချစ်သူရည်စားရခြင်းဖြစ်တတ်သည်။ အသွား၊ အလာသတိထားပါ။ လူလုခံရခြင်း၊ လူလိမ်ခံရခြင်းဖြစ်တတ်သည်။ အမျိုးသမီးတဦး မိမိကို ဂုဏ်သိက္ခာကျအောင်လုပ်လိမ့်မည်။ မိမိနေသောအခန်း၊ အိမ်မသန့်ပါ။ အခိုက်အညံ့များရှိနေသည်။ နေရာအနှံ့အပြား ပရိတ်ရေနှင့်ဖျန်းလိုက်ပါ။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဆီထမင်းကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း (၈၊ ၉၊၂၊ ၄၊)


*** ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ ***

ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ (ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀နာရီ
ဟောခန်း- နန်းထိုက်ပဒုမ္မာ (ဆံသ၊ စတိုးနှင့်စားသောက်ဆိုင်) ကလန်းကားဂိတ်နှင့် Mydin supermarket အနီး၊ မလေးရှားနိုင်ငံ
ဖုန်း- ၀၁၆ ၆၉၀၃၅၁၃၊ ၀၁၂ ၉၁၃၃၀၉၃
E-mail:swezinwati@gmail;com

*မလေးရှားမဟုတ်သော အခြားနိုင်ငံများမှ ဗေဒင်မေးမြန်းလိုသူများအတွက် အီးမေးလ်မှတဆင့်ဟောစာတမ်းပို့ပေးပါသည်*


မူရင်းလင့်က ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။