/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, March 30, 2012

.

သတင်းမီဒီယာဆိုင်ရာ လွတ်လပ်သော အသင်းသုံးသင်း သုံးလအတွင်း ထွက်ပေါ်လာမည်

မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်း အဖွဲ့ကြီးကို ဖျက်သိမ်းပြီးနောက် ပြန်ကြားရေးဝန်ကြီးဌာနအောက်တွင် မဟုတ်ေ တာ့သည့် သတင်းမီဒီယာဆိုင်ရာလွတ်လပ်သော အသင်းသုံးသင်း လာမည့် သုံးလအတွင်း ထွက်ပေါ် လာမည်ဖြစ်ကြောင်းမြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဖြစ်မြောက်ရေးကော်မတီမှ အတွင်းရေးမှူး ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်) က မတ်လ ၂၄ ရက်နေ့က ပြောသည်။

မတ်လ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ကြီး၏အရေးပေါ်ညီလာခံကြီးတွင် မြန်မာနိုင်ငံ သတင်းစာဆရာ များ အသင်း၊ မြန်မာနိုင်ငံစာရေးဆရာများအသင်းနှင့် ပုံနှိပ်ထုတ်ဝေဖြန့်ချိသူများအသင်း ဟူ၍ အသင်းသုံးသင်းကို ဖွဲ့စည်းသွားမည်ဖြစ်သောကြောင့် ထိုသို့ဖွဲ့စည်းပြီးချိန်မှစ၍ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့ကြီးကိုအလိုအလျောက် ဖျက်သိမ်းပြီး ဖြစ်သွားမည်ဖြစ်သည်။

“ဒီအသင်းတွေ ပေါ်လာတာနဲ့ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်း အဖွဲ့ကြီးက အလိုအလျောက်ဖျက်သိမ်းပြီးသား ဖြစ်ပါလိမ့်မည်” ဟု ဦးကိုကိုက ပာသည်။ မြန်မာနိုင်ငံသတင်းစာဆရာများအသင်းတို့သည် ထိုအမည်ဖြင့် ပင်ပ်ါထွက်လာ မည်ဖြစ်သော်လည်း ပုံနှိပ်လုပ်ငန်းရှင်များအတွက်အသင်းမှာမူ လက်ရှိ တွင် မြန်မာနိုင်ငံပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းရှင်များအ သင်းဖွဲ့စည်းပြီး ဖြစ်သောကြောင့်ထိုအသင်းနှင့် ဆက်လက်ဆွေးနွေး ကာဖွဲ့စည်းသွားမည်ဖြစ်သည်။

“ဒီအသင်းတွေဟာပြန်ကြားရေးဝန်ကြီးဌာန လက်အောက်မှာ မဟုတ်တော့ဘဲနဲ့ အရင်ကထက်ပိုပြီးလွတ်လပ်တဲ့ အသင်းတွေ ဖြစ်လာပါလိမ့်မယ်”ဟု ဦးကိုကိုက ပြောသည်။ အဆိုပါအသင်းများ ဖွဲ့စည်းရန်အတွက် ဗဟိုအလုပ်အမှုဆောင် ကော်မတီကိုရွေးကောက်တင်မြှောက်မည်ဖြစ်ရာ ပါဝင်လိုသူများက ဆန္ဒပြုရမည်ဖြစ်ကြောင်းလည်း၎င်းက ပြောသည်။

မတ်လ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ကြီး၏ အရေးပေါ်ညီလာခံတွင်လည်း အဖွဲ့ကြီး၏ ဥက္ကဋ္ဌ ဖြစ်သူဦးတင်လှိုင် (လယ်တွင်းသားစောချစ်) က ဒီမိုကရေစီနိုင်ငံတော်သို့သွားနေပြီဖြစ်သောကြောင့် အဖွဲ့ကြီး ကိုလည်း ခေတ်နှင့်လျော်ညီရန်ပြုပြင်ဖို့လိုအပ်လာသောကြောင့် ပြန်လည်ဖွဲ့စည်းသည့် သဘော လည်းဖြစ်ကြောင်း၎င်းက ပြောသည်။

ထိုအသင်းများ ဖွဲ့စည်းရာ တွင် မြန်မာနိုင်ငံ စာရေးဆရာများအသင်းတွင် မြို့နယ်စာရေးဆရာများအသင်းနှင့် ဗဟိုစာရေးဆရာများ အသင်းတို့ ရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းတွင်မူပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်နှင့် ဗဟိုအဆင့် သတင်းစာဆရာများအသင်း ဟူ၍ ဖွဲ့စည်းမည်ဖြစ်သည်။ ထိုသို့ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ အသင်းများ ပြန်လည်ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး အဖွဲ့၏ နာယက ဖြစ်သူဦးမြင့်ကြွယ်က ယခင်က အဖွဲ့အတွင်း၌ စာရေးဆရာများနှင့် သတင်းစာဆရာများပူးတွဲရှိခဲ့ခြင်းကြောင့် အကြောင်းအရာတစ်ခုပေါ်တွင် ကွဲပြားသော အမြင်များ ရှိခဲ့ဖူးကြောင်း လည်း ပြောသည်။

“အခုတော့ အမြင်တွေကွဲစရာမလိုတော့ဘူးပေါ့။ ဒီလို အသင်းတွေ ပေါ်လာတာကို ကြိုဆိုပါတယ်” ဟု ၎င်းက ပြောသည်။မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့တွင် လက်ရှိ အသင်းဝင်ပေါင်း ၈,၀၀၀ကျော်ရှိကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

မူရင်းလင့်က ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။