/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, February 29, 2012

.

ရွှေည၀ါဆရာတော်ကို သွားရောက်ဖူးမြော်တဲ့ ပျော်ဘွယ်မြို့ နယ် NLD အဖွဲ့ ဝင်တွေကို ရွာတန်းရဲစခန်း က စောင့်ဆိုင်းမှတ်တမ်းယူ

ရမည်းသင်းမြို့နယ် ၊ ဘုရားကုန်းကျေးရွာ ထီးတော်တင်ပွဲသို့ ရွှေည၀ါဆရာတော် နှင့် အတူ ဒါယကာ ၊ ဒါယိကာမများ(200)ခန့် ဖေဖော်ဝါ၇ီလ (25) ၇က်နေ့ မနက် (6) နာ၇ီခန့် က ရောက်ရှိလာကြောင်းသိရပါတယ်။


ပျော်ဘွယ်NLDအဖွဲ့ ဝင်တွေကို ရွာတန်းရဲစခန်းမှ အရာရှိများက မှတ်တမ်းယူနေပုံပါ။

ရွှေည၀ါဆရာတော်

ရွှေည၀ါဆရာတော်ကို ပျော်ဘွယ်မြို့နယ် ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှအဖွဲ့ဝင်(၅၀) ကားနှစ်စီးနှင့် မနက်(11)နာရီခန့်ကသွားရောက်ဖူးမြော် ဂါရ၀ပြုခဲ့တယ်။

NLD အဖွဲ့ဝင်များကို သက်ဆိုင်ရာ ရွာတန်းရဲစခန်းမှ အရာရှိများက လာရောက်စောင့်ဆိုင်း မှတ်တမ်းယူခဲ့ကြပါတယ်။

အဆိုပါ အရာရှိနှင့်စကားပြောနေပုံကို ဓါတ်ပုံရိုက်တော့ အရာရှိက ``ဓါတ်ပုံမရိုက်ပါနှင့် `` လို့ ပြန်လည်ပြောကြားကြောင်း ပျော်ဘွယ် NLD က Myanmar News Now ကိုပြောပါတယ်။

ထီးတင်ပွဲမှာ ပြည်တော်ပြန် သီးလေးသီးအဖွဲ့ဝင်များက ကပြဖျော်ဖြေမှာဖြစ်ပါတယ်။

မနက်ဖြန် ထီးတော်တင်ပွဲကို ၈၈ မျိုးဆက်ကျောင်းသားများ လည်းလာရောက်မည်ဖြစ် ကြောင်း ရွှေည၀ါဆရာတော်မှ ပြောကြားပါချက်ကို လည်း ပျော်ဘွယ် NLD က Myanmar News Now ကိုပြောပါတယ်။

မူရင်းလင့်က ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။