/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, February 21, 2012

.

ကရင်နယ်ခြားစောင့်တပ်နှင့် DKBA ပစ်ခတ်မှုဖြစ်ပွား

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူဒေသ၌ ကရင်နယ်ခြားစောင့်တပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA တို့ကြား ယမန်နေ့မွန်းလွဲပိုင်းခန့်တွင် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း DKBA ဘက်က ပြောသည်။ DKBA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောမိုရှေးက ``မနေ့ ပစ်ခတ်မှုမှာ နယ်ခြား စောင့်တပ်တပ်ဘက်က ၃ ယောက်ထိတယ်၊ ရွာသားတစ်ယောက်ထိတယ်၊ အသေအပျောက်တော့ သေချာမသိဘူး၊ ဒီနေ့ ၁၁ နာရီလောက်မှာလည်း နယ်ခြားစောင့်တပ်ဘက်က ပစ်လာလို့ ကျနော်တို့လူ တစ်ယောက်ထိသွားတယ်´´ဟု ပြောသည်။ မြိုင်ကြီးငူအခြေစိုက် နယ်ခြားစောင့်တပ် ၁၀၁၁ နှင့် ဒီကေဘီအေ ဗိုလ်မှူး စောစိုးဝင်း ဦးစီးသည့် ကလို့ထူးဝါး ဗျူဟာအဖွဲ့ လက်အောက်ခံတပ်ဖွဲ့တို့အကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ကြခြင်းဖြစ်သည်။ ဒီကေဘီအေ မြ၀တီဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူး စောမောင်လေးက ``သူတို့ နယ်ြခားစောင့်တပ်ဖွဲ့က တပ်စုမှူး ဗိုလ်တင်ညွန့်က ကျနော်တို့တပ်ကိုလာနေချင်တယ်လို့ပြောတယ်၊ အဲဒါကို ကျနော်တို့က လက်ခံလို့ မရဘူးလို့ငြင်းလိုက်တယ်။ ဗိုလ်တင်ညွန့်လဲ သူ့တပ်ကိုမပြန်ဘူး၊ ဒါနဲ့ သူတို့လူကို ဒီကေဘီအေကဖမ်းထားတယ်ဆိုပြီးတော့ ကျနော်တို့လူတွေကို လက်နက်သိမ်းဖမ်းဆီးရာကနေ တစ်ဖက်နဲ့တစ်ဖက် ပစ်ကြခတ်ကြတာပဲ´´ လက်ရှိတွင် အထက်ပါနယ်ခြားစောင့်တပ်မှ လက်နက်နှင့်အတူ ဒီကေဘီအေတပ်အဖွဲ့ဝင် ၁၀ ဦးထက်မနဲကို ဆက်လက်ဖမ်းဆီးထားဆဲဟု ဒီကေဘီအေဘက်ကပြောသည်။ သို့သော် နယ်ခြားစောင့်တပ် ၁၀၁၁ နှင့်အဆက်အသွယ်မရသဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။``ဒီကိစ္စတွေကို လောလောဆယ် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီအဖွဲ့ ခေါင်းဆောင် ၀န်ကြီး ဦးအောင်သောင်းကိုတင်ပြထားတယ်၊ အပေါ်ကလူကြီးတွေညှိနှိုင်းပေးမယ်လို့ယူဆတယ်´´ဟု ၎င်းကဆက်ပြောသည်။ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းဦးဆောင်သည့် အဖွဲ့ဝင် ၇ ဦးနှင့် ဒီကေဘီအေ ကလို့ထူးဘောအဖွဲ့မှ ဗိုလ်ချုပ် စေားလားပွယ်ဦးဆောင်သည့် အဖွဲ့ဝင် ၆ ဦးတို့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၌ အချက် ၆ ချက်ပါ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုး ခဲ့ကြသည်။ ၂၀၁၀ ခုနှစ်တွင် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA)မှ နယ်ခြားစောင့်တပ်သို့ တပ်ရင်း ၁၂ ရင်း အသွင်ပြောင်းခဲ့သည်။ သို့ရာတွင် လက်ရှိ ကလို့ထူးဘောအဖွဲ့မှ ဗိုလ်ချုပ် စောလားပွယ်ဦးဆောင်သည့် ဒီကေဘီအေတပ်ဖွဲ့များ နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေးကို လက်မခံခဲ့ပဲ ၂၀၁၀ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲကျင်းပအပြီး နောက်တစ်ရက်တွင် မြန်မာအစိုးရနှင့် ပြန်လည်တိုက်ခိုက်လာသည်။ ဒီကေဘီအေတပ်ဖွဲ့သည် မြိုင်ကြီးငူဆရာတော် ဦးသုဇန ဦးစီးဦးဆောင်မှုဖြင့် ၁၉၉၄ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)မှခွဲထွက်ကာ မြန်မာအစိုးရနှင့် အပစ်ရပ်သဘောတူညီခဲ့သည့် အင်အား အကြီးဆုံးသော ကရင်ခွဲထွက်အဖွဲ့ဖြစ်သည်။

http://burmese.monnews.org/

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။