/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, February 21, 2012

.

လှိုင်မြို့နယ်အတွင်းရှိ ရေခဲစက်ရုံတစ်ခုမှ ပေါက်ကွဲသံနှင့်အတူ အမိုးနီးယားဓာတ်ငွေ့များ ပျံ့နှံ့ထွက်ခဲ့

လှိုင်မြို့နယ်အတွင်းရှိ ရေခဲစက်ရုံတစ်ခုမှ အမိုးနီးယားဓာတ်ငွေ့များ စက်ရုံပြင်ပသို့ ပျံ့နှံ့ထွက်ခဲ့သည့်ဖြစ်စဉ်တစ်

ခုကို ဖေဖော်ဝါရီ လ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၂ နာရီ ၁၀ မိနစ်အချိန်တွင် လှိုင်မြို့နယ် ၁၃ ရပ်ကွက်တွင် ပေါက်ကွဲသံကြားရပြီး အမိုးနီးယားဓာတ်ငွေ့အနံ့များရရှ
ိ၍ သက်ဆိုင်ရာမှ သွားရောက်စစ်ဆေးရာ လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက် ဓမ္မသုခကျောင်းလမ်းရှိ ဦး.......၏ ရေခဲစက်တွင် ရေခဲစက်လုပ်သား ကို......နှင့် ကို......တို့မှ ရေခဲစက်မောင်းထားပြီး အိပ်ပျော်သွားစဉ် ရေပန့်လည်သည့် ပန်ကာကြိုးပြတ်၍ အပူကွိုင်ပိုက်လုံးများ ရေဖြန်းပေးသည့် ရေမလာ၍အပူလွန်ကဲကာ ၄ လက်မသံပိုက်နှင့် ဘွိုင်လာအိုးပေါက်ကွဲ၍ အမိုးနီးယားဓာတ်ငွေ့များ အပြင်သို့ ပျံ့နှံ့ထွက် ခြင်းဖြစ်ကြောင်း သိရှိရသည်။ ယင်းဖြစ်စဉ်ဖြစ်ပွားမှုကြောင့် ဦး......ပါသုံးဦးတို့ အပေါ် လှိုင်ရဲစခန်း (ပ)၆၈/၂၀၁၂၊ ပုဒ်မ(၂၈၆)ဖြင့် အမှုဖွင့်ပြီးအမှုစစ်မှ စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။ အဆိုပါရေခဲစက်ရုံအနီးတွင် နေထိုင်သူအမျိုးသားတစ်ဦးက''ဒီလိုဖြစ်စဉ်တွေက မကြာခဏ ဖြစ်နေပါတယ်။ အဲဒီလိုအနံ့မျိုးရတယ်ဆိုတာနဲ့ ကိုယ့်ရဲ့မိသားစုတွေကို ဆွဲခေါ်ပြီး ထွက်ပြေးနေရပါတယ်။
အခုဖြစ်စဉ် ကပေါက်ကွဲသံကြားရတော့ ကျွန်တော်တို့အနီးအနားမှာနေတဲ့သူတွေကလန့်နိုးတဲ့အခါမှာ အမိုးနီးယားဓာတ်ငွေ့တွေ ပျံ့နှံ့လာမယ်လို့ သိထားတဲ့အတွက် အမြန်ရှောင်ပြေးခဲ့ပါတယ်'' ဟု ပြောကြားခဲ့သည်။
EMG

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။