/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, February 25, 2012

.

ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂ စတင်ဖွဲ့စည်း


ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နေ့လည် ၂ နာရီခွဲ အချိန်ခန့်မှာ ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂကို စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ပါတယ်။

” ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ကိုကျော်ကိုကိုတို့ လွတ်လာတဲ့အချိန်မှာ ကျနော်တို့တွေအားလုံး စုပြီး ဗကသ ဗဟိုစည်းရုံးရေး ကော်မတီကို ဖွဲ့လိုက်တယ်။ အဲလိုဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်က ကျနော်တို့ တနိုင်ငံလုံးမှာရှိတဲ့ ခရိုင်လေးဆယ်ကျော်မှ ကျောင်းသားတွေ စုပြီးတော့ တပြည်လုံးနဲ့ ဆိုင်တဲ့ ကျောင်းသား ညီလာခံတခု ကျင်းပမယ်။ အဲကျောင်းသား ညီလာခံကနေမှ ပေါ်ထွက်လာမည့် ကျောင်းသား သမဂ္ဂတခုနဲ့ ကျောင်းသားတွေအခွင့်အရေးကို အပြည့်အဝကာကွယ်ပေးတဲ့ ဒီမိုကရေစီပညာရေးကို အကောင်အထည်ဖော်နိုင်မယ့် ကျောင်းသား သမဂ္ဂ ပေါ်လာဖို့အတွက်ကို ကျနော်တို့ ခရိုင်ကျောင်းသား သမဂ္ဂ တွေကို လိုက်ဖွဲ့စည်းပေးနေတာပါ။” လို့ တောင်ပိုင်း ကျောင်းသား သမဂ္ဂ စတင်ဖွဲ့စည်းသည့် အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဗကသ ဗဟိုစည်းရုံးရေး ကော်မတီ၏ တွဲဖက်အတွင်းရေးမှူး(၂) ကိုမင်းသွေးသစ်က ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။

ရန်ကုန်တောင်ပိုင်းခရိုင်မှာရှိတဲ့ တက္ကသိုလ် လေးခုဖြစ်တဲ့ ရန်ကုန်ရေကြောင်းတက္ကသိုလ်၊ သမဝါယမ တက္ကသိုလ်၊ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်၊ အစိုးရ နည်းပညာ တက္ကသိုလ်တွေမှ ကျောင်းသားတွေ စုစုပေါင်း ၃၂ ဦး စုပေါင်းပြီး ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂကို စတင်ဖွဲ့စည်းခဲ့ပြီး ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂမှာ ဆပ်ကော်မတီတွေ ဖွဲ့စည်းထားပြီး ပြောရေးဆိုခွင့်ရှိသူအဖြစ် မနှင်းသီတာနှင့် ကိုကိုမောင်တို့က ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

” ကျမတို့က ညီလာခံ ကျင်းပရေးအတွက် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဦးတည်ပြီးတော့ လုပ်ဆောင်သွားမှာပါ။ အဲလုပ်ဆောင်ဖို့အတွက်ကိုလဲ ဗဟို စည်းရုံးကော်မတီနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်သွားမှာပါ။ ကျမတို့ ဖွဲ့စည်းဖြစ်တဲ့ ရည်ရွက်ချက်ကတော့ ကျမတို့ အမျိုးသားနိုင်ငံရေးလို့ခေါ်တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက်ပါ။ ဗကသရဲ့ မူ(၅)ချက်အတိုင်း ဒီမိုကရေစီ ပညာရေး ရရှိရေး၊ ကျောင်းသားအခွင့်အရေး ကာကွယ်ရေးနှင့် ငြိမ်းချမ်းရေး စတဲ့အချက်တွေနဲ့ ရရှိဖို့ ရည်ရွယ်ပြီးတော့ ဖွဲ့စည်းတာပါ။ ကျမတို့ သမဂ္ဂတွေကနေ တိုင်းပြည်အတွက် တထောင့်တနေရာကနေ ပါဝင်သွားမှာပါ။” လို့ ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူ မနှင်းသီတာက ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။

” ကျနော်တို့အနေနဲ့ကတော့ လက်ရှိအခြေအနေမှာ ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂ ဖွဲ့ပြီး ဥက္ကဌ မပေါ်ဘူးဆိုတာက ကျန်တဲ့ကျောင်းသားတွေလဲ ရှိသေးတယ်။ ကျနော်တို့ ရှေ့လမှာ ဥက္ကဌနှင့် အဖွဲ့ကို စနစ်တကျ ပြန်လည်ဖွဲ့စည်းသွားမှာပါ။ ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းတာကို ဗကသ ဗဟိုစည်းရုံးရေး ကော်မတီမှ ကိုကျော်ကိုကိုတို့က လာရောက်ကူညီပေးတာကိုလဲ ဝမ်းသာပါတယ်။ နောက်တချက်က ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂ ဆိုပေမယ့် တခြားခရိုင်က ကျောင်းသားတွေနဲ့လဲ ချိတ်ဆက်လုပ်ဆောင်သွားမှာပါ။ လို့ ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူ ကိုကိုမောင်က ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။

စတင်ဖွဲ့စည်းတဲ့နေ့မှာပဲ ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂမှ ကြေငြာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ အလားတူပဲ တနိုင်ငံလုံးမှာရှိတဲ့ ခရိုင် လေးဆယ်ကျော်မှာလဲ ခရိုင်ကျောင်းသားသမဂ္ဂများ ဆက်လက်ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။

ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂမှ ထုတ်ပြန်ကြေငြာချက်

http://www.burmavjmedia.net/%E1%80%9B%E1%80%94%E1%80%B9%E1%80%80%E1%80%AF%E1%80%94%E1%80%B9%E1%80%90%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8-%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%95%E1%80%AD%E1%80%AF%E1%80%84/

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။