/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, February 25, 2012

.

ရွှေည၀ါဆရာတော်က ဆန္ဒပြ တိုင်ရီအလုပ်သမားများကို စားသောက်ဖွယ်ရာများ ထောက်ပံ့


၂၀၁၂၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓု ဗုဒ္ဓတက္ကသိုလ်မှ ထွက်ခွာခဲ့တဲ့ ရွှေည၀ါဆရာတော် ဘဒ္ဒန္တ ပညာသီဟဟာ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်တွင် သီတင်းသုံးနေထိုင်ရင်း ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုံ တိုင်ရီဖိနပ်စက်ရုံက ဆန္ဒပြအလုပ်သမားများအား ဆန်နဲ့ စားသောက်ဖွယ်ရာပစ္စည်းများကို ဖေဖော်ဝါရီ ၂၁ ရက်နေ့က ထောက်ပံ့ ကူညီ ပေးခဲ့ပါတယ်။

ထောက်ပံ့ ကူညီမှုဟာ ဆန္ဒပြအလုပ်သမား နှစ်ထောင်ခန့်အတွက် လုံလောက်မှာ မဟုတ်ပေမယ့်လည်း လှူဒါန်းတဲ့ ဆန် ၁၀ အိတ်နဲ့ စားသောက်ဖွယ်ရာများက အလုပ်သမားများအတွက် တစုံတရာ ပြည့်စုံမှုတော့ ပေးနိုင်မှာ ဖြစ်ပါတယ်။ ထိုသို့ ထောက်ပံ့ကူညီမှု လုပ်ငန်းဆောင်တာများကို နိုင်ငံရေးအကျဉ်းသားဟောင်း ကိုကိုကြီး (စမ်းချောင်း) နဲ့ အလုပ်သမားရေးရာကိစ္စများ ကူညီ ဆောင်ရွက်ပေးသူ မစုစုနွေးတို့က လိုက်ပါ ဆောင်ရွက်ပေးခဲ့ကြပါတယ်။

တိုင်ရီဖိနပ်စက်ရုံက အလုပ်သမားများဟာ ထိုက်သင့်တဲ့ သူတို့ရဲ့လစာငွေများ ရရှိဖို့အတွက် ဆန္ဒပြတောင်းဆိုလျက်ရှိရာ သက်ဆိုင်ရာအာဏာပိုင်းများက အလုပ်သမားများနဲ့ အလုပ်ရှင်တို့အကြား စေ့စပ် ဖြေရှင်းပေးခဲ့ပေမယ့် ပြေလည်မှု မရရှိသေးဘဲ ရှိနေရာ အလုပ်သမားများဘက်ကနေပြီး တရားဥပဒေအရ ဆက်လက် လုပ်ကိုင်ဆောင်သွားရန် ပြင်ဆင်နေကြကြောင်း သတင်းရရှိပါတယ်။


http://www.burmatoday.net/news.php?news_ID=42

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။