/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, February 27, 2012

.

ပုဂံရှေးဟောင်းမြို့တော် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်တော့မည်



ပုဂံရှေးဟောင်း ဘုရားပုထိုးမြင်ကွင်း ယခုအခါတွင်

ပုဂံခေတ်မြို့ဟောင်း သရေ ခေတ္တရာအားကမ္ဘာ့ရှေးဟောင်းအမွေ အနှစ်စာရင်းတင်သွင်းနိုင်ရန် မြန်မာ နိုင်ငံ၊ အီတလီအစိုးရနှင့် UNESCO တို့ပူးပေါင်းမှုဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်တော့မည်ဖြစ် ကြောင်း သိရသည်။ ကမ္ဘာ့ရှေ့ဟောင်း အမွေအနှစ် အမည်စာရင်းတင်သွင်းခြင်း ကိစ္စရပ် နှင့်ပတ်သက်၍ ပုဂံရှေးဟောင်းသုတေ သနပြတိုက်တွင် ဖေဖော်ဝါရီ(၁၅) ရက်မှ (၁၇)ရက်အထိ ကျင်းပခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး လုပ်ငန်းအတွက် အင်ဂျင်နီယာ ပညာ ရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး ကျော်ဆန်းက မိန့်ခွန်းစကား တွင် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

။ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် အမည်စာရင်း (World Heritage List )တင်သွင်းနိုင်ရန်အတွက် သရေ ခေတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်းမြို့ ဟောင်းများ အားလုံးကို ဆောင်ရွက် သွားမည်ဖြစ်ပြီး ယင်းမြို့ဟောင်းများ အနက် သရေခေတ္တရာမြို့ဟောင်းသည် ရှေးအကျဆုံး မြို့တော်တစ်ခုဖြစ်ခြင်း ကြောင့် ပထမဆုံးဦးစားပေးအဆင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းမြို့ဟောင်း ၃ မြို့အား အမည်စာရင်းတင်သွင်း နိုင်ရန် လုပ်ငန်းစဉ်တစ်ခုဖြစ်သော Nomination Cossier ရေးသားခြင်း လုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာ အထောက်အပံ့အဖြစ် UNESCO မှ ကန်ဒေါ်လာသုံး သောင်းအား မြန်မာနိုင်ငံသို့ ထောက်ပံ့မှုပေးထားပြီဖြစ်ရာ အမြန်ဆုံးအကောင် အထည် ဖော်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောကြားသည်။

''သရေခေတ္တရာ၊ဗိဿနိုး နဲ့ ဟန်လင်းမြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ထည့်သွင်း ရေးဆောင်ရွက်ပြီးတဲ့နောက်မှာ ပုဂံ ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်အဖြစ် ထည့်သွင်းရေးလုပ်ငန်း တွေကို ဆက်လက် ဆောင်ရွက်သွား မှာဖြစ်ပါတယ်။ဆောင်ရွက်ရာမှာ လည်း လုပ်ငန်း စွမ်းဆောင်ရည်မြှင့် မားဖွံ့တိုးတက်ရေးစီမံကိန်းကို အီတ လီနိုင်ငံအစိုးရ ၊ UNESCO တို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ အကောင် အထည်ဖော် သွားမှာဖြစ်ပါတယ်'' ဟု ယင်းကပြောသည်။

ထိုသို့ပုဂံရှေးဟောင်း ဘုရားပုထိုးမြင်ကွင်းယခုအခါတွင်ပုဂံရှေးဟောင်း ဘုရားပုထိုးမြင်ကွင်းယခုအခါတွင် ကမ္ဘာ့ ရှေး ဟောင်းအမည်စာရင်းတင်သွင်း နိုင်ရန်အတွက် ပုဂံဒေသရှိ စေတီ၊ ပုထိုး၊ ဂူဘုရားပေါင်း(၂၂၃၀)ဆူမှ တစ်ဆူချင်းစီ၏ သတင်းအချက်အ လက်နှင့် မှတ်တမ်းဓာတ်ပုံများကိုအ သေးစိတ်ပြုစုထားပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းဆောင်ရွက် ရန်ရွက်ရန်အတွက် UNESCO သည် အီတလီအခြေစိုက်အပြည် ပြည်ဆိုင်ရာ ရှေးဟောင်းအမွေအ နှစ်ထိန်သိမ်းရေး ဗဟိုဌာန International Centre For Study of the Preservation and Restoration of Cultural Property (ICCROM) အပြင် အီတလီနိုင်ငံမှ Lerici Foundation အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ဖြင့် မြန်မာနိုင်ငံတွင် အရေးပေါ် ထိန်းသိမ်းရမည့် စီမံခန့်ခွဲမှု၊ လုပ်ငန်း ခွင်အတွင်း ပြုပြင်ထိန်သိမ်းခြင်းနှင့် မှတ်တမ်းပြုစုခြင်း၊ယဉ်ကျေးမှုအချက် အလက်ဆိုင်ရာ GIS စနစ်ကိုဖော် ဆောင်တည် ဆောက်ခြင်း၊အမည်စာ ရင်းတင်သွင်းမှုလုပ်ငန်းစဉ်များ၏ မှု ဝါဒနှင့် နည်းပညာများကိုကူညီပံ့ပိုး ပေးခြင်း စသည့်လုပ်ငန်းစဉ်(၄)ရပ် ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။

ပုဂံဒေသရှိရှေးဟောင်းအမွေ အနှစ်များနှင့်ပတ်သက်၍ နိုင်ငံတ ကာမှ သိရှိနိုင်ရန်အတွက် UNESCO မှ ရှေးဟောင်းသုတေ သန ပညာရှင် မစ0x081စတာပီရာပစ်ချပ် ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံမှသက် ဆိုင်ရာဌာနမှ ဝန်ထမ်းများသည် ၁၉၈၄ ခုနှစ်မှစတင်ကာ သတင်းအ ချက်အလက်များ ကိုမှတ်တမ်းပြုစု ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် Invertory Of Monuments Of Bagan အ မည်ရှိ အင်္ဂလိပ်ဘာသာ ဖြင့် စာအုပ် အတွဲ(၈)တွဲကိုထုတ်ဝေမှုပြုလုပ်ခဲ့ ကြောင်းသိရသည်။ထို့အတူ ပုဂံဒေသရှိ နံရံဆေး ရေးပန်းချီရှိသော ဘုရားပေါင်း(၄၆၈) ဆူမှ နံရံဆေးရေးပန်းချီများ၊မင်စာ များ၊ဇာတာခွင်များကို ရေရှည်မှတ် တမ်းဓာတ်ပုံတည်ရှိစေရန်အတွက် ဘုရား(၄၁၂)ဆူမှ နံရံဆေးရေးပန်း ချီများ၊မင်စာများ၊ဇာတာခွင်များကို Digital Format ဖြင့်သိမ်း ဆည်းထားပြီးဖြစ်ကာ ကျန်ရှိနေဆဲ ဖြစ်သော ဘုရား(၇၄)ဆူရှိ အလား တူအနုပညာလက်ရာများကို ဆက် လက်ဆောင်ရွက်နိုင်ရန်အတွက် မှု ဝါဒများချမှတ်ထားကြောင်းသိရ သည်။

ရန်ကုန်တိုင်းမ်

http://feeds.feedburner.com/thithtoolwin/yIWV

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။