/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Sunday, December 21, 2014

.

တိုင်းရင်းသားအားလုံး ပြည်ထောင်စု စိတ်ဓာတ်မရှိပါက လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာဆုံးရှုံးမည်ဟု ကာချုပ်ပြော

မြန်မာနိုင်ငံသည် တိုင်း ရင်းသားလူမျိုးများစွာ စုပေါင်း နေထိုင်ဖွဲ့စည်းသည့် ပြည်ထောင် စုနိုင်ငံဖြစ်ပြီး တိုင်းရင်းသားလူ မျိုးများအားလုံးအတွက် ပြည် ထောင်စုစိတ်ဓာတ်မရှိပါက တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးပြို ကွဲပြီး နိုင်ငံတော်၏ လွတ်လပ် ရေးနှင့် အချုပ်အခြာအာဏာကို ဆုံးရှုံးသွားမည်ဖြစ်ကြောင်း တပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောကြားသည်။

ဒီဇင်ဘာ ၁၉ ရက်က ရန် ကုန်မြို့ တပ်မတော်ဆေးတက္ကသိုလ်တွင် ပြုလုပ်သည့် ဆေး တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အပတ်စဉ်(၁၆) သင်တန်းဆင်းပွဲ၌ ကာကွယ်ရေးဦးစီးချုပ်က ၎င်း၏မိန့်ခွန်းတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့နှင့် တပ်ပေါင်းစုအချို့ က ဖက်ဒရယ်ပြည်ထောင်စုတပ် မတော်ကို တောင်းဆိုနေချိန်၊ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်မှာ နိုင်ငံတကာတွင်လည်း မရှိကြောင်း ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့က ကာကွယ်ရေးဦးစီးချုပ်နှင့် နေ ပြည်တော်၌ တွေ့ဆုံစဉ်ပြော ကြားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားချိန်တွင် ကာကွယ်ရေးဦးစီးချုပ်က ပြည် ထောင်စုစိတ်ဓာတ် ထားရှိရေးနှင့် ပတ်သက်၍ ဗိုလ်လောင်းသင် တန်းဆင်းပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

သို့သော်ကမ္ဘာ့ရပ်မိရပ်ဖ အဖွဲ့ဒုဥက္ကဋ္ဌက ဒီဇင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ‘‘ကျွန်မတို့ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တွေ နဲ့ရော တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေနဲ့ရော တွေ့ ဆုံခဲ့တယ်။ ဒီတစ်ခေါက်တင် မ ဟုတ်ပါဘူး။ အရင်တစ်ခေါက် လာတုန်းကလည်း တွေ့ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေး ကောက်ပွဲနဲ့အတူ အရပ်သား အုပ်ချုပ်မှုအောက်ရောက်ရှိလာမယ့် မြန်မာနိုင်ငံတော်သစ်အတွက် အနာဂတ်တပ်မတော်အနေနဲ့ ဘယ်လိုဖြစ်မလဲဆိုတဲ့ မေးခွန်း အကြောင်းလည်းပါပါတယ်။ ဘယ်လိုတပ်မတော်မျိုးလဲလို့ မေးတဲ့အခါ ကျွန်မတို့ကပြောပါ တယ်။ နိုင်ငံတိုင်းမှာ တစ်နိုင်ငံလုံး ကို ကာကွယ်ဖို့ တပ်မတော်က တစ်ခုပဲရှိပါတယ်။

ပြည်ထောင်စု တပ်မတော်(Federal Army) ဆို တာ တခြားနိုင်ငံတွေမှာ မရှိပါဘူး။တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံ နဲ့ အဲဒီလိုကျွန်မတို့ ရှင်းပြခဲ့တာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနိုင်ငံမှာ တပ်မတော်က လက် တစ်ကမ်းအလိုအပြောင်းအလဲရဲ့ ခက်ခဲတဲ့အစိတ်အပိုင်းကို ရောက် ရှိနေပြီး တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အပါအ၀င် လူမှုအဖွဲ့အစည်းအား လုံးနဲ့ ကောင်းမွန်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေပြုလုပ်ရမှာဖြစ် ပါတယ်။ အဲဒီလိုဆိုရင်တော့ ပြည်သူအားလုံးအတွက် ထူးခြားအံ့သြ ဖွယ်ဖြစ်လာမှာဖြစ်ပါတယ်။ အဲဒါ က အဖွဲ့အစည်းတိုင်းနဲ့ ကျွန်မတို့ ဆွေးနွေးခဲ့ တာဖြစ်ပါတယ်’’ဟု သမ္မတ၊ ကာချုပ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှ ကိုယ်စား လှယ်များအပါအ၀င် တွေ့ဆုံမှု တိုင်း၌ ဆွေးနွေးခဲ့ကြောင်း ပြန်ပြောသည်။

မြန်မာနိုင်ငံသည် ဒေသတွင်းမဟာဗျူဟာကျသည့် တည်နေရာ ကိုပိုင်ဆိုင်ထားသည့်အပြင် တိုင်း ရင်းသားလူမျိုးများစွာ စုပေါင်း နေထိုင်ဖွဲ့စည်းထားသည့် ပြည် ထောင်စုနိုင်ငံဖြစ်ကြောင်း ကာ ချုပ်ကဆိုသည်။ ထို့အပြင် နိုင်ငံ ရှေ့ဆက်လျှောက်ရမည့်လမ်း ကြောင်း ခိုင်မာရေးအတွက် နိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ စည်းလုံး ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးကို တပ်မတော်က အမျိုးသား ရေးမူအဖြစ် ခံယူအကောင်အ ထည်ဖော်နေကြောင်း ကာချုပ်က ဆိုသည်။

လက်ရှိတပ်မတော်မှာ ပြည် ထောင်စုတပ်မတော်ဖြစ်သည်နှင့် အညီ တိုင်းရင်းသားပြည်သူများ နှင့် တစ်သားတည်းရှိရန်နှင့် တိုင်း ရင်းသားပြည်သူများ၏ အကျိုးစီး ပွားလုံခြုံဖွံ့ဖြိုးတိုးတက်ရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်လို ကြောင်း ကျောင်းဆင်းဗိုလ်လောင်းများကို ကာကွယ်ရေးဦး စီးချုပ်က ပြောကြားခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ်သည် ယခုနှစ်မတ်လ ၂၇ ရက်က ပြုလုပ်ခဲ့သော တပ်မတော်နေ့အခမ်းအ နားတွင်လည်း လက်ရှိတပ်မ တော်အတွင်း တိုင်းရင်းသားစုစု ပေါင်း ၄၅၀၀ ခန့်မှာ ရာထူးအဆင့်ဆင့်၌ တာဝန်ထမ်းဆောင်နေပြီး တိုင်းရင်းသားတပ်မတော်သား များကို ခွဲခြားထားခြင်းမရှိကြောင်းပြောကြားခဲ့သည်။

ယခုကျောင်းဆင်းခဲ့သော တပ်မတော်ဆေးတက္ကသိုလ်ဗိုလ် လောင်းများအနေဖြင့် တပ်မတော်သားနှင့် မိသားစုဝင်များကို သာ မက လမ်းပန်းဆက်သွယ်မှုခက်ခဲ ပြီး ဆေးကုသမှုပေးရန် လိုအပ်နေသည့်ဒေသများမှ တိုင်းရင်းသားများကိုလည်း ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံသည် ယခုလဆန်းက ဇီဝလက်နက် တားဆီးပိတ်ပင်ရေးစာချုပ်အဖွဲ့ ၀င်နိုင်ငံဖြစ်လာခဲ့ပြီးနောက် မျက် မှောက်ခေတ်စစ်ပွဲများတွင် သမားရိုးကျလက်နက်ခဲယမ်းများနှင့်သာမက တားမြစ်ထားသည့် ဓာတုဇီဝလက်နက်များနှင့် တိုက်ခိုက်မှုများကို ရင်ဆိုင်ရနိုင်ပြီး ကာကွယ်တုံ့ပြန်နိုင်မည့်နည်းလမ်းများ၊ စမ်းသပ်စစ်ဆေးကုသသည့် နည်းလမ်းများကိုပါ ဆေးဝန်ထမ်း တပ်ဖွဲ့များအနေဖြင့် ကြိုတင်မျှော် တွေးပြင်ဆင်ထားရန်လိုကြောင်း ကာချုပ်က ပြောကြားခဲ့သည်။

ကာချုပ်သည် ၂၀၁၃ နှစ် ဆန်းက တပ်မတော်နယ်လှည့်ဆေးကုသရေးခရီးစဉ်အချို့တွင် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ပထမအကြိမ် လိုက်ပါခဲ့ပြီး ပြည်သူလူထုနှင့် ထိတွေ့ခဲ့သည်။

7 Days

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။