/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, December 15, 2014

.

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စည်းကမ်းမဲ့ပြိုင်ကားများနှင့် ပါဝါအိပ်ဇောတပ် မော်တော်ယာဉ်များ ဖမ်းဆီးရေးစီမံချက်အား အရှိန်အဟုန်မြှင့်ဖမ်းဆီးခဲ့ရာ စုစုပေါင်း(၈၄)စီး ဖမ်းဆီးရမိပြီးဖြစ်

ရန်ကုန်မြို့အတွင်းတွင် ပြိုင်ကားများနှင့် ပါဝါအိပ်ဇောတပ်မော်တော်ယာဉ်များ စည်းကမ်းမဲ့စွာ မောင်းနှင် မှုကြောင့် အသံများဆူညံစေပြီး အများပြည်သူ၏ စိတ်နှလုံးကိုထိခိုက်စေသဖြင့် ထိရောက်စွာ အရေး ယူ နိုင်ရန် စီမံချက်ချမှတ်၍ ဆောင်ရွက်ခဲ့ရာ ၅.၁၂.၂၀၁၄ ရက်နေ့မှ ၁၃.၁၂.၂၀၁၄ရက်နေ့ထိ စည်းကမ်းမဲ့ ပြိုင်ကားနှင့် ပါဝါအိပ်ဇောတပ် မော်တော်ယာဉ် စုစုပေါင်း(၈၁)စီးအား ဖမ်းဆီးရမိ ခဲ့ပြီး ဖြစ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ စီမံချက်အား အရှိန်ဟုန်မြှင့်ဖမ်းဆီးလျက်ရှိရာ ၁၄.၁၂.၂၀၁၄ ရက်နေ့ညတွင် ရန်ကုန်မြို့အတွင်း စည်းကမ်းမဲ့ စွာ မောင်း နှင် နေသော ပါဝါအိပ်ဇောတပ် မော်တော်ယာဉ် (၃)စီးအား ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။

ယခုဖမ်းဆီးရမိသည့် မော်တော်ယာဉ်များအား ယာဉ်စည်းကမ်းလမ်းစည်းကမ်းအရ အရေး ယူ ဆောင်ရွက်မည့်အပြင် ယာဉ်မှတ်ပုံတင်လိုင်စင်ရှိ/မရှိစိစစ်ပြီး ယာဉ်မှတ်ပုံတင်မရှိသော မော်တော်ယာဉ် များအား ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စည်းကမ်းမဲ့ယာဉ်များကိုသာ ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းသူများအနေဖြင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ မောင်းနှင်ကြပါရန် အသိပေး ဖော်ပြ အပ်ပါသည်။

Credit : Yangon Police

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။