/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, April 7, 2014

.

လှိုင်သာယာ လုပ်သားများ လစာတိုးရေး ဆန္ဒပြ



ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန်မှာ ရှိတဲ့ စက်ရုံတစ်ချို့က အလုပ်သမား တွေဟာ လုပ်ခလစာ တိုးမြှင့်ရရှိရေး အတွက် လှိုင်သာယာ မြို့နယ် မီးခွက်ဈေးအောက်ထိပ်ကနေ မြို့နယ်အား ကစားကွင်းထိ ဒီနေ့ လမ်းလျှောက် ဆန္ဒပြခဲ့ ကြ ပါတယ်။


အစိုးရဝန်ထမ်းတွေ အနေနဲ့ ဧပြီလက စပြီး လစာ နှစ်သောင်း တိုးရမှာဖြစ် တာကြောင့် စက်ရုံအလုပ်သမားတွေဟာ တစ်ရက်ကို လုပ်ခလစာ ၅၆ဝဝ ရရှိမှ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ကိုက်ညီနိုင်မယ်လို့ Gallant Ocean အအေးခန်းစက်ရုံ အခြေခံ အလုပ်သမားအဖွဲ့က မလှလှက ပြောပါတယ်။

"ကျနော်တို့ ဒီမှာ ကျနော်တို့မှာရပ်တည်နေရတဲ့ နေထိုင်မှု စရိတ်တွေဟာ လူတစ်ယောက်ထမင်းစားဖို့အတွက်ကို လှိုင်သာယာဈေးနှုံးနဲ့ကို ည၊မနက် ကို ၁ဝဝဝ လောက် ရှိပါတယ်၊ ဧပြီလကုန်လို့ရှိရင် အစိုးရဝန်ထမ်း ၂ဝဝဝဝ တိုးမှာ အဲ့ဒီ ၂ဝဝဝဝ တိုးလို့ရှိရင် ပိုဆိုးလာမှာ တစ်နေ့ ၈ နာရီ ၅၆ဝဝ ရရေး ကို အခုတောင်းဆိုကြခြင်းဖြစ်ပါတယ်၊ဒီ ၅၆ဝဝ ရမှသာလျှင် အလုပ်သမား အတွက်က အနည်း အကျဉ်းလောက်ပဲ ဖူလုံရုံပဲရှိမှာပါ၊ အခုဆိုလို့ရှိရင် ကျနော်တို့ အလုပ်သမားတွေမှာ ရတဲ့ပိုက်ဆံနဲ့ မလောက်တဲ့ အတွက်ကြောင့် ကျနော်တို့ ၁ဝဝ ကို ၂ဝ နှုံးနဲ့အတိုးတွေ ယူနေရ တယ်၊တစ်လ တစ်လ အတိုးတွေသာသတ်နိုင်တယ် အရင်းကို မဆပ်နိုင်ဘူး"

ဒီဆန္ဒပြပွဲကို လှိုင်သာယာမြို့နယ်က စံကောင်း ပီနံအိတ်စက်ရုံ၊ Gallant Ocean အအေးခန်းစက်ရုံတွေက အလုပ်သမား ၂ဝဝ ကျော်လောက် ပူးပေါင်းပါဝင်ခဲ့ကြပြီး ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အလုပ်သမား၊ လယ်သမားတွေရဲ့ ဆန္ဒတွေနဲ့ အညီ ပြင်ဆင်ပေးဖို့ ကိုလည်း တောင်းဆို ခဲ့ကြပါတယ်။

အခုလို အလုပ်သမားတွေအနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင် ဆင်ရေးကို တောင်းဆိုတာဟာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။

လှိုင်သာယာမြို့နယ်က အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲ ကို မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများကွန်ယက်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အဖွဲ့ဝင်တွေနဲ့ အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေ လည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။

RFA Burmese

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။