/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 31, 2014

.

မိုးကောင်းမြို့နယ်တွင် NLD ပါတီဝင်တွေ ရှမ်းနီလူမျိုးမှန် ပေါ်ပေါက်ရေးတွင် အနှောက်အယှက်များပေးနေ



မိုးကောင်းမြို့နယ် ဆားမှော် ကျေးရွာ အုပ်စု NLD ပါတီဥက္ကဌ ဒေါ်နွေနွေဦး နှင့် ပါတီဝင်များဖြစ်သည့် မစမ်းပို ၊ ဒေါ်စမ်းရီ တို့သည် ၂၀၁၄ သန်းခေါင် စာရင်း ကောက်ခံရာတွင် ရှမ်းနီအမျိုးသားထု ကိုယ်စားလှယ်များ အစည်းဝေးဆုံးဖြတ်ထားသည့် ရှမ်းနီဟု ထည့်သွင်းရမည့်အစား အစည်းဝေး ဆုံးဖြတ်ချက် အစည်းဝေးဆုံးဖြတ်ချက်အတိုင်း မဟုတ်သည့် တိုင်းလျမ်ဟု ထည့်ရမည် လိုက်လံ စည်းရုံးနေကြောင်းသိရသည်။


ထို့ပြင် မိုးညှင်းမြို့နယ် NLD ခရိုင်ဗဟို အလုပ်အမူဆောင်တစ်ဦးဖြစ်သည့် ဗမာလူမျိုး ဦးကြည်နှင့် အဖွဲ့ သည်လည်း မြန်မာနိုင်ငံတွင်နေသဖြင့် ဗမာဟုသာထည့်ရမည်ဟု မိုးညှင်းမြို့ပေါ်နှင့် ကျွန်းကုန်း ကျေးရွာ တို့တွင် လိုက်လံစည်းရုံးခဲ့ကြောင်းသိရသည်။

မကြာသေးခင်ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်အတွင်းရှိ အဆိုပါပါတီဝင် တစ်ဦးသည် ရှမ်းမျိုးနွယ်စု အဖွဲ့ကဟူ၍ ပြောဆိုလျှက် တိုင်းလျမ်သာထည့်ရန်စည်းရုံးနေသည်ကို ရှမ်းနီ ပါတီက သိရှိသဖြင့် လိုက်လံစုံစမ်းရာ NLD ပါတီ ၀င်တစ်ဦးဖြစ်နေကြောင်း ရှမ်းနီ ပါတီ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

ရှမ်းနီ သတင်းဌာန

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။