/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, December 31, 2013

.

လက်လုပ်သေနတ် နှင့် ခဲယမ်းများ သိမ်းဆည်းရမိ



ကျိုင်းတုံမြို့နယ် ကျိုင်းတုံ - မိုင်းလား ကားလမ်းပေါ် ရှိ ၀မ်တာပင်း ပူးပေါင်း စစ်ဆေးရေး ဂိတ်၌ ဒီဇင်ဘာ ၂၉ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က ကျိုင်းတုံ မှ မိုင်းလား ဘက်သို့ မောင်းနှင်သူ ဦးအားရွှေ (ဘ) ဦးအားမျော နန့်ခေးမိုင် ရွာနေသူ နှင့်အတူ ဦးအားဆယ် (ဘ) ဦးလောဟယ် နမ့်ကြွပ် ရွာ နေသူတို့ စီးနင်း လာသော ဆိုင်ကယ် အား မသင်္ကာသဖြင့် ရပ်တန့် ရှာဖွေရာ ဦးအားဆယ်၏ ခါးကြားမှ အရှည် ၆ လက်မလက်ရှိ ( ခြောက်လုံးပြူး ပုံစံ ) လက်လုပ် သေနတ် တစ်လက် နှင့် အတူ ၉ မီလီမီတာ ကျည် ၁၂ တောင့် တို့အား သိမ်းဆည်း ရမိခဲ့ပြီး အဆိုပါ ဖမ်းဆီး ရမိသော တရားခံ နှစ်ဦးအား တရား ဥပဒေနှင့် အညီ အရေးယူ နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။