/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, December 18, 2013

.

တစ်နိုင်ငံလုံး မည်သည့်နေရာတွင်မဆို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခွင့်ပေးရန် ပုဂ္ဂလိကသို့ အဆိုပြုလွှာခေါ်ယူ၊ မြို့နယ် ၈၄ မြို့နယ်အား ပုဂ္ဂလိက ကုမ္ပဏီ ၂၃ ခုသို့ ဓာတ်အားဖြန့်ဖြူးခွင့် ချထားပြီးဖြစ်

တစ်နိုင်ငံလုံး မည်သည့်နေရာတွင်မဆို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခွင့်ပေးရန် ပုဂ္ဂလိကသို့ အဆိုပြုလွှာ ခေါ်ယူမှုအား လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ဒီဇင်ဘာ ၁၇ ရက်က ထုတ်ပြန်ခဲ့သည်။


လက်ရှိတွင်လည်း တစ်နိုင်ငံလုံးရှိ မြို့နယ် ၈၄ ခုတွင် ပုဂ္ဂလိက ကုမ္ပဏီ ၂၃ ခုသို့ ဓာတ်အားဖြန့်ဖြူးခွင့် ချ ထားပေးပြီးဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ သိရသည်။ ထုတ်ပြန်မှုအရ နိုင်ငံတော် လျှပ်စစ် ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများ၊ ရေ အားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများနှင့် ကျောက်မီးသွေးသုံး ရေနွေးငွေ့ ဓာတ်အားပေးစက်ရုံများ တည်ဆောက်အကောင်အထည်ဖော် ဓာတ်အားထုတ်လုပ်လိုသူ ပုဂ္ဂလိ က ကုမ္ပဏီများကို ဖိတ်ခေါ်ကြောင်း ထည့်သွင်းထားသည်။

ရင်းနှီးမြှုပ်နှံ လိုသူများ အနေဖြင့် မိမိဆောင်ရွက်လိုသော ဓာတ်အားပေးစက်ရုံ အမျိုးအစား၊ တည်ဆောက် အကောင်အထည် ဖော်လိုသည့် နေရာ၊ ဒေသ၊ ပြည်နယ်၊ တိုင်းဒေသကြီးတို့ကို ဖော်ပြပြီး လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနသို့ အဆိုပြုနိုင်ကြောင်း သိရသည်။

သို့သော် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုများအပေါ် သတ်မှတ်ထားသည့် စံချိန်စံညွှန်း နှင့်အညီ လေ့လာတွေ့ရှိချက်အရ ခွင့်ပြုလက်ခံနိုင်သော အစီအစဉ်များနှင့်အညီ ဆောင်ရွက်နိုင်မည့် ကုမ္ပဏီများကိုသာ လုပ်ငန်းဆောင်ရွက်ခွင့် ပြုသွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ သိရ သည်။

လျှပ်စစ်ဝန်ကြီးဌာနမှ ပုဂ္ဂလိကသို့ ရင်းနှီးမြှုပ်နှံရန် ခေါ်ယူမှုမှာ ယခုတစ်ကြိမ် အပါအ၀င် သုံးကြိမ်မြောက်ုဖစ်ပြီး ၂၀၁၂ ခုနှစ် ဇွန် ၁ ရက်တွင် တစ်ကြိမ်၊ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၁ ရက်တွင်တစ်ကြိမ် ဖိတ်ခေါ် ရှင်းလင်းမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု စုစုပေါင်းမှာ ၃၃၀၀ မဂ္ဂါဝပ်ရှိပြီး နွေရာသီတွင် ထုတ် လုပ်မှု ထက်ဝက်လျော့ကျသည့် အခြေအနေများကြောင့် နှစ်စဉ်မဂ္ဂါဝပ် ၃၀၀ ကျော်အထိ လျှပ်စစ်လိုအပ် ချက် ရှိနေကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ သိရသည်။

ယင်းကဲ့သို့ လိုအပ်ချက် ရှိနေခြင်းမှာ ယခင်နှစ်များ အတွင်း၌ မြန်မာနိုင်ငံ အနေဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲရန်အတွက် ရေအားလျှပ်စစ် စီမံကိန်းများကိုသာ အကောင်အထည် ဖော်ဆောင်ရွက်မှု များ ပြားခဲ့ခြင်းကြောင့် မိုးရာသီကို အားထားရသည့် ရေအားလျှပ် စစ်စီမံကိန်းများမှ လျှပ်စစ်ထုတ်လုပ်မှုမှာ နှစ် စဉ်နွေရာသီသို့ရောက်တိုင်း ထုတ်လုပ်မှု လျော့ကျခြင်းများ ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောကြားသည်။

ကိုရီးယားနိုင်ငံ အခြေစိုက် Korea Western Power ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် ၅၀၀ မဂ္ဂါဝပ်ရှိ သဘာဝ ဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ မှ ၇၀၀ အထိ မြှုပ်နှံလုပ်ကိုင်ရန် စီစဉ်မှုများလည်းရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။