/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, December 20, 2013

.

ဗြိတိသျှ သံအမတ်အဖွဲ့ ကချင်ပြည်နယ် အခြေအနေ နှစ်ရက်ကြာ လေ့လာမည်



ဗြိတိသျှ သံအမတ် အင်ဒရူးပက်ထရစ် ခေါင်းဆောင် သော လေ့လာရေး အဖွဲ့ဝင်များသည် ကချင် ပြည်နယ် သို့ ဒီဇင်ဘာ၁၉ ရက် ညနေပိုင်းက ရောက်ရှိလာပြီး နှစ်ရက်ကြာ လေ့လာမည် ဖြစ်ကြောင်း သိရသည်။


ယင်းခရီးစဉ်နှင့် ပတ်သက်ပြီး သံအမတ် အင်ဒရူးပက်ထရစ်က ''ပထမဆုံး ခရီးစဉ် ဖြစ်ပါ တယ်။ အခြေအနေ အားလုံးကိုတော့ မပြောနိုင် သေးပါဘူး။ ဒီမှာဖြစ်နေတာတွေကို အရမ်းစိတ်ဝင်စားပါတယ်။ နိုင်ငံရေး ပါတီ တွေနဲ့ တွေ့ချင်တာက ဒီမှာဖြစ်နေတဲ့ အခြေအနေတွေကို လေ့လာချင်လို့ပါ''ဟု ဖြေကြားသည်။

ယင်းသံရုံး၏ ဒုတိယအတွင်းဝန် မစ္စတာဂျိုးက ''နှစ်ရက်ကြာပါမယ်။ နိုင်ငံရေး ခေါင်းဆောင်၊ ဘာသာရေး ခေါင်းဆောင်၊ လူမျိုးခေါင်းဆောင်တွေနဲ့ တွေ့မယ်။ ကချင်ပြည်နယ် အစိုးရနဲ့ ကေအိုင်အို ကိုယ်စားပြု နည်းပညာ အကြံပေး အဖွဲ့နဲ့လည်း တွေဖို့ရှိပါတယ်။ ကချင်ပြည်နယ် ခရီးစဉ်မှာ နိုင်ငံတကာ ဖွံ့ဖြိုးတိုး တက်ရေး ခေါင်းဆောင်နဲ့ မနက်ဖြန်မှာ ကချင်ပြည်နယ် ဒုက္ခသည်တွေကို လူသားချင်း စာနာထောက်ပံ့ ဖို့အတွက် သွားရောက် လေ့လာပါမယ်။ နှစ်နှစ်ခွဲအတွင်းမှာ ဒေါ်လာ သန်း ၂၀ ထောက်ပံ့ဖို့ အစီအစဉ်ရှိ တယ်။ တစ်ဝက်ပေးပြီး ကျန်တစ်ဝက်ကို ထောက်ပံ့ဖို့ အစီအစဉ်ရှိပါတယ်။ ဒါကြောင့် ဒုက္ခသည် စခန်း တွေကို လာရောက် လေ့လာတာပါ'' ဟု ပြောကြာသည်။

ကချင်ပြည်နယ် အစိုးရနှင့် မနက်ဖြန် မွန်းလွဲပိုင်းတွင် တွေဆုံရန်စီစဉ်ထားပြီး တွေ့ဆုံမှုပြီးမှသာ သတင်း ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံရန် အစီအစဉ် ရှိနေသော်လည်း နိုင်ငံရေးပါတီများကမူ ယနေ့ အထိ ဖိတ်ခေါ်ထားခြင်း မရှိကြောင်း ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။