/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, November 15, 2013

.

စည်းကမ်းမဲ့ ရွာသား ၈၀ ကျော် မှ ရဲကင်းအား လေးဂွများ၊ ခဲများဖြင့် ၀ိုင်းဝန်း ပစ်ပေါက်မှု ကြောင့် ရဲ ၉ ဦး ဒဏ်ရာရ



စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်း ကြီးမြို့နယ် မိုးကြိုးပြင် အလယ်နှင့် မျက်နှာချင်း ဆိုင်တွင် ရှိသော လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနယ်မြေ ပုသိမ်-မုံရွာ လမ်းပေါ်ရှိ ဆားလင်း ကြီး၊ ယင်းမာပင် လမ်းဆုံ မိုင်တိုင်(၄၄၀/၄) အနီး လုံခြုံရေးရဲကင်းအား နိုဝင်ဘာ(၁၄)ရက် ည(၁၉း၃၀)အချိန်က ရွာသား (၈၀)ခန့်က လာရောက် ပြီး လေးဂွများ၊ ခဲများဖြင့် ၀ိုင်းဝန်းပစ်ပေါက် ခဲ့ကြသည်။


အကြမ်းဖက်မှု ထပ်မံ မဖြစ်ပွားစေရေးအတွက် ရဲစခန်းမှ အသံမြည် ဗျောက်အိုးများဖောက်၍ ကာကွယ် ပစ်ခတ် သဖြင့် ရွာသားများ နောက်ဆုတ် ထွက်ပြေးခဲ့ကြသည်။

အခင်းဖြစ်နေရာသို့ ပုသိမ်-မုံရွာလမ်းပေါ်ရှိ (၅/၁)လမ်းဆုံ ရဲတပ်ရင်းမှ တပ်စု(၂)စုက မော်တော်ယာဉ် (၂)စီးဖြင့် ကူညီရန် သွားရောက်စဉ် (၂)ဖာလုံခန့်အလိုတွင် လမ်းဘေးဝဲယာမှ ရွာသားများက လေးဂွများဖြင့် ၀ိုင်းဝန်း ပစ်ပေါက်ကြသဖြင့် ရဲအရာရှိ(၂)ဦးနှင့် အခြားအဆင့်(၇)ဦးပေါင်း(၉)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ ရွာသားများအား ရဲတပ်ဖွဲ့မှ ခြောက်လှန့်သည့်အနေဖြင့် အဓိကရုဏ်းလက်နက်ဖြင့် ပစ်ခတ် ခြောက်လှန့် ခဲ့ရာ ည(၂၀း၃၀)နာရီတွင် ရွာသားများ ကျေးရွာဘက်သို့ ထွက်ပြေးခဲ့ကြသည်။

အခင်းဖြစ်ပွားသည့် ရဲကင်းပတ်ဝန်းကျင်တွင် အကြမ်းဖက်မှု ထပ်မံ မဖြစ်ပွားစေရေးအတွက် လုံခြုံရေးများ အပြည့် အ၀ ချထားကြောင်းနှင့် ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည့် ရဲအရာရှိ(၂)ဦးနှင့် အခြားအဆင့် (၇)ဦးတို့အား ဆေး ကုသမှု ခံယူနိုင်ရေးအတွက် မုံရွာပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသလျက်ရှိကြောင်း ကနဦး သတင်း ရရှိ ပါသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။