/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, October 11, 2013

.

အဆင့်-၅ စူပါဆိုင်ကလုန်းမုန်တိုင်းကြီး ဖြစ်လာမည့် PHAILIN-02B

11OCT-1830MST

မုန်တိုင်း (PHAILIN – 02B)က အခု အဆင့်-၄ ဆိုင်ကလုန်းမုန်တိုင်းကြီး ဖြစ်လာပြီး၊ ဒီနေ့ ညနေ ၆နာရီခွဲ မှာ အဆင့်-၅ စူပါဆိုင်ကလုန်းမုန်တိုင်းကြီး ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်(ဆိုင်ကလုန်းမုန်တိုင်း တွေထဲမှာ အမြင့်ဆုံး အဆင့်ဖြစ်ပါတယ်) ၁၂ ရက်နေ့ မနက် ၆ နာရီခွဲမှာ အားအပြင်းဆုံးအဆင့်ကို ရောက်မှာ ဖြစ်ပြီးတော့ ဗဟိုလေတိုက်နှုန်း ၁၄၅ နော်တီကယ်မိုင်(တစ်နာရီ မိုင် ၁၇ဝ နီးပါး) ရှိလာပါမယ်၊ သူ့အရှိန်ရဲ့ သက်ရောက်မှုကလဲ ကျနော်တို့ ကမ်းရိုးတန်းဒေသတွေအတွက် ပိုများလာနိုင်ပါတယ်။

အောက်တိုဘာလ ၁၁ ရက် ၁၈း၃ဝ နာရီ(ညနေ ၆နာရီခွဲ)မှာ အဆင့်-၅ ဆိုင်ကလုန်းမုန်တိုင်းကြီး ဖြစ်လာပြီးတဲ့နောက် မုန်တိုင်းအရှိန်ကြောင့် ဖြစ်ပေါ်နိုင်မဲ့ လေတိုက်နှုန်း ခန့်မှန်းမြေပုံ (GFS MODEL)ကို တင်ပြထားပါတယ်။

11OCT-0230MST-CAT4-PHAILIN

By mmweather.ygn, on October 11th, 2013

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။