/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, October 29, 2013

.

Laptop ဖြင့် ၃ နာရီမှ ၈ နာရီထိ အသုံးခံနိုင်တဲ့ Power 9 External Battery



မန်းဈေးကွက်ထဲကို တစ်ကြိမ်အားအပြည့် သွင်း ထားရင် Laptop ဖြင့် ၃ နာရီမှ ၈ နာရီထိ အသုံးခံ နိုင်တဲ့ Power 9 External Battery ဝင်ရောက် လာပါတယ်။ USB ပေါက်မှလည်း မိုဘိုင်းပစ္စည်းများ၊ Tablet များ၊ လက်ကိုင်ဂိမ်းစက်များ၊ Music Player အမျိုးမျိုးကို အကြိမ် ၂၀ မှ ၅၀ ထိ အားပြန်လည် ဖြည့်သွင်းပေးနိုင်မယ်လို့ သိရပါတယ်။ Laptop အမျိုးအမျိုးကို အားသွင်းနိုင်ရန်အတွက် အားသွင်း ခေါင်းပေါက် ၈ မျိုး အထိပါဝင်လာပြီး Power 9 ရဲ့ Capacityမှာ 20000 mAh ရှိပါတယ်။ Power 9 ကို ပြန်လည်အားသွင်းချိန်မှာ ၆ နာရီမှ ၈ နာရီကြားဖြစ်ပြီး USB ပေါက်မှ မိုဘိုင်းပစ္စည်းများ၊ Music Player အမျိုးမျိုးကို အားသွင်းနိုင်ရန် 5V (2Amp) ပြန်လည်ထုတ်ပေးနိုင်ပြီး Laptop အမျိုးမျိုးတို့အတွက် (9V, 12V, 16V, 19V) များထုတ်ကာ အားပြန်လည်သွင်း ပေးနိုင်မှာဖြစ်ပါတယ်။ Power 9 မှာ ပါဝင်လာတဲ့ စကရင်ကနေ ဗို့အားအခြေအနေများကို ဖော်ပြပေးနေမှာဖြစ်ပြီး အလိုအလျောက် Power Saving စနစ်လည်း ပါဝင်လာပါတယ်။ အကြမ်းခံနိုင်တဲ့ Aluminium ကိုယ်ထည်နဲ့ ပြုလုပ်ထားတာဖြစ်ပြီး ဈေးနှုန်း ၅ သောင်း ၅ ထောင်ဝန်းကျင်နဲ့ i-TREND IT & Mobile (မန္တလေး) သိပ္ပံလမ်း၊ က.ည.န အနီး၊ ဖုန်း-၀၉-၉၁၀၂၂၂၀၉ မှာ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

(Internet Journal)
အတွဲ (၁၄)၊ အမှတ် (၄၂)

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။