/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, September 3, 2013

.

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ဆန္ဒ ပြသူများကို တရားစွဲဆိုထားမှုတွင် ရုံးချိန်းပေါင်း ၁၃၀ ကျော် ခေါ်ယူထား

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက် ဆန္ဒပြသူများကို ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ထားမှုတွင် ပါဝင်လှုပ်ရှားသူ များကို ရုံးချိန်းပေါင်း ၁၃၀ ကျော် ခေါ်ယူထားပြီး သက်သေ တစ်ဝက်ကိုသာ စစ်ဆေးဆဲ ဖြစ်ကြောင်း ကချင် ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက စက်တင်ဘာ ၂ ရက်က ပြောကြားခဲ့သည်။


၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၁ ရက် တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင်ငြိမ်းချမ်း ရေးအတွက် လမ်းလျှောက် ဆန္ဒပြခဲ့သူများအား ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့သည်။

ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်သူများအား တရားစွဲဆို ထားမှုသည် တစ်နိုင်ငံလုံး ၁၃ ဦး ရှိကြောင်းသိရ သည် ။ အဆိုပါ တရားစွဲဆို ခံထားရသူများတွင် တောင်ကြီးမြို့မှ တရားစွဲခံရ သူများကိုသာ ဒဏ်ငွေဖြင့် စီရင်ချက်ချခဲ့ပြီး ကျန်လူများမှာ ကြန့်ကြာနေကြောင်း သိရသည်။

''စမ်းချောင်းမြို့နယ်မှာ မမေစပယ်ဖြူတို့ နှစ်ယောက်အမှုဆိုရင် အနောက်ပိုင်းခရိုင် တရားရုံးမှာ သက်သေ ၂၀ ကျော် စစ်ရမှာကို ဆယ်ယောက်ကျော်ပဲ စစ်ရသေးတယ်။ အရှေ့ပိုင်းခရိုင် တရားရုံးမှာဆိုရင် သက် သေ ၃၅ ယောက် စစ်ရမယ်။ အခု ဆယ်ယောက်လောက်ပဲ စစ်ပြီးသေးတယ်။ အဲဒီတော့ တရားလိုပြ သက် သေတွေကို စစ်မပြီးသေးတာနဲ့ပဲ အမှုက ရှေ့တိုးလို့လဲမရ ကျန်တဲ့အမှုတွေကလည်း လူမစုံ ဘာမစုံနဲ့ သွား ပြီး ရုံးချိန်း တက်နေရတယ်။ တရားရုံးတွေကို တစ်လမှာ ရှစ်ခါလောက် ပတ်နေရတယ်။ အဲဒီတော့ အချိန် ကုန်၊ ခရီးစရိတ်ကုန် ဖြစ်နေတယ်။ တစ်နှစ်အတွင်းမှာ ဒီလူတွေက တစ်နှစ်အတွင်း ရုံးချိန်း ၁၃၀ ကျော် တက်ပြီးသွားပြီ။ တရားလိုပြ သက်သေတွေကလည်း သက်သေ လိုက်ခိုင်းလို့သာ လိုက်ရတဲ့သဘောမျိုး ဖြစ်နေတယ်။ တချို့ကဆို အဲဒီနေ့မှာ ရှိတောင်မရှိဘူး။ တချို့ကလည်း ရက်စွဲတောင် မသိတာရှိတယ်'' ဟု ဒေါ်ခွန်ဂျာက ဆိုသည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။