/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, September 3, 2013

.

ဦးဝင်းထိန် ( သို့မဟုတ် ) အသံကြောင့် ဖားသေ



ဟိုတစ်နေ့က ပြည်ပအသံလွှင့်ဌာနတစ်ခုနဲ့ မိတ္ထီ လာမြို့နယ် ရဲ့ ပြည်သူ့လွှတ်တော် အမတ် လည်းဖြစ်.... .NLD ရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးလည်းဖြစ်သူ " ဦးဝင်းထိန်" တို့ရဲ့ အင်တာဗျူးစကားတွေကို ကြားလိုက်မိပါတယ်။


မိတ္ထီလာဒေသခံတွေက ကင်တားနား ကို ဆန္ဒပြကြ တဲ့ ကိစ္စနဲ့ ပတ်သက်လို့ မေးကြ ဖြေကြ တာပါ။

ကင်းတားနား အကြမ်းဖက်ခံရတာ ဟာ ဟုတ်ကြောင်း ဖြေကြားသွားပါတယ်။

ဆန္ဒပြတဲ့ ဖြစ်စဉ်ကို ခပ်ကြမ်းကြမ်းပုံဖော်ကြည့်မယ်ဆိုရင် လူပေါင်းတစ်ရာကျော်လောက်က ကားကိုတားမယ်...စာပေးမယ်။ ကားတခါးမဖွင့်တော့ ကားကို လက်နဲ့ ပုတ်တာရှိမယ်...လက်နဲ့ ထုတာ ရှိမယ်ပေါ့..။

ဟို ကင်တားနား ဆိုတာကလည်း လုံခြုံတဲ့ လမ်းတွေပေါ် ကျော့ကျော့လေးေ လျှာက်ခဲ့တဲ့ ရွှေမင်းသား...။

မိတ္ထီလာမှာ အခုလို ကြုံလိုက် ရတော့ ထိတ်လန့်သွားမယ်...လိုတာထက်ပိုပြီး တွက်မိ လိမ့်မယ်...ပိုပြီးကြောက်သွားပါလိမ့်မယ်။ ကားမှန်အပြင်ဖက်က လူအုပ်ရဲ့ ဆန္ဒကို ကားမှန်တခါး အတွင်းထဲက ကင်တားနား အဓိပါယ် အကောက်အယူ လွဲသွားပါတယ်။

ဒါကို ဦးဝင်းထိန်က မတွေးနိုင်...မမြင်နိုင်ပဲ အကြမ်းဖက်ခံရတာ ဟုတ်ပါတယ်တွေ ဘာတွေ အတည်ပေါက် လာလုပ်နေပါတယ်။

အဆိုးဆုံးကတော့ အခုလို အကြမ်းဖက်ဆန္ဒပြသူတွေဟာ ၉၆၉ တွေပါလို့ မိုက်မိုက်ကန်းကန်း စွပ်စွဲ လိုက်တာပါပဲ။ ၉၆၉ လို့ တံဆိပ်ကပ်တာ ဟာ ဦးဝင်းထိန် က ပထမ ဆုံး နဲ့ တစ်ဦးတည်း ပါ။ ဘယ်ပုဂ္ဂိုလ် ...ဘယ် အဖွဲ့အစည်းက မှ ဒီလို နာမည်တပ်ပြီး မပြောပါဘူး။

တိကျ ခိုင်မာ နဲ့ သက်သေ..အချက်အလက် ဘာမှ မရှိပဲ အခုလို အာချောင်တာကို ကြည့်ပြီး ဒီ နိုင်ငံရေးသမားရဲ့ စိတ်အခံ နဲ့ နိုင်ငံရေး ရေချိန်ဟာ အတော့်ကို မေးခွန်းထုတ်စရာ ကောင်းပါ တယ်။

တကယ်တော့် ဒီ ၉၆၉ တို့ ...မျိုးစောင့်ဥပဒေ တို့ နဲ့ပတ်သက်ရင် ဒေါ်စုလို ဧရာမ ပုဂ္ဂိုလ်ကြီးတောင် ထိန်းထိန်းသိမ်းသိမ်...သတိရှိရှိ နဲ့ ပြောဆို လာရပါတယ်။ ဒီလို အရေးကြီးတဲ့ ဟာ မျိုးကို ဘာမှမဟုတ်တဲ့ ဦးဝင်းထိန်က ( ELEVEN နဲ့အင်တာဗျူးမှာ ) ဒေသခံပြည်သူတွေကို ရင့်ရင့်သီးသီး စကားတွေသုံပြီး ပြောဆိုခဲ့တယ်။

ဒီမိုကရေစီယဉ်ကျေးမှုတို့ ...ဘာတို့ ဆိုတာ ဒီ အမတ် ရဲ့ စကားတွေမှာ မတွေ့မိပါဘူး။ အကြောင်း အမျိုးမျိုးကြောင့် ၉၆၉ တို့...၈၈ တို့ ထဲ ရောက် သွားတဲ့ ပါတီဝင်ဟောင်းတွေကို ရန်သူလို ရှုမြင်ပါတယ်.. ဒီကောင်တွေ..ဘာညာ နဲ့ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံပါတော့တယ်..။

ဆရာကြီးဒဂုန်တာရာ ရဲ့ စကားနဲ့ ပြောမယ်ဆိုရင် နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ် အောင် လုပ်ရတာပါ။ ကိုယ်နဲ့ အမြင်မတူတဲ့ ဆန့်ကျင်ဖက်အင်အားစုကို မေတ္တာ ထားရ မယ်....သဘောထားကြီး ရပါမယ်...။ အစွဲကင်းကင်း နဲ့ ကြည့်မှ ပြသနာရဲ့ အဖြေကို ရှာနိုင်မယ်ဆို တာ ဦးဝင်းထိန် သတိထားမိပုံမပေါ်ဘူး။

ကိုယ်နဲ့ အမြင်မတူသူတွေအပေါ် ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေနဲ့ ...မျက်မှန်စိမ်းတပ်ပြီး ဦးဝင်းထိန်က ကြည့်ခဲ့တယ်။

ဦးဝင်းထိန် ဟာ သူရောက်နေတဲ့ လွှတ်တော်ထိုင်ခုံနေရာနဲ့ ပါတီရဲ့ CEC ဆိုတဲ့ နေရာတွေကို( ဒေါသရှေ့ထားလို့ )မေ့ပြီး...လမ်းပေါ်က လူလို ရမ်းကား နေတာ လားရယ်လို့ ဖော့ပြီးတွေးမိပါသေးတယ်။

ဘာပဲဖြစ်ဖြစ် သူ့ရဲ့ အဖြေစကားတွေ ဟာ ပါတီရဲ့ ကောင်းခြင်း ဆိုးခြင်း နဲ့တော့ တိုက်ရိုက်ဖြစ်စေ ...သွယ်ဝိုက်လို့ ဖြစ်စေ သက်ဆိုင်နေတယ် ဆိုတာကတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး.။

အများပြောကြသလို ခေတ်ပျက်နိုင်ငံရေးသမားဖြစ်စေ... အရှင်မွေးလို့ နေ့ချင်းကြီးရသူ ဖြစ်စေ... ပါးစပ် ကလေး လိမ္မာရင်ဖြင့် ပါတီအတွက်ရော...တိုင်းပြည်အတွက် ပါ..ပိုပြီးအကျိုးများပါလိမ့်မယ်။

From: Nyi Zin 

http://www.mmdailystar.com/2013/09/blog-post_7694.html

4 comments:

  1. ဒါတောင်..အာဏာအပြည့်အ၀မရသေးလို့နော်..ရများရရင်...သူတိုဥက္ကဌကြီးအပါအ၀င်ကုလားတွေကိုဘယ်လိုကာကွယ်မယ်ဆိုတာသဘောပေါက်ကြဟေ.....

    ReplyDelete
  2. လူလူချင်း တရား လက်မဲ့ ကြံစည် ရိုက်နက် သတ်ဖြတ် မီးရှို့ကြတာ ဒီမြို့က လူတွေ နဲ့ ဦးဝင်းထိန် ဘယ်သူရိုင်းစိုင်းပါသလဲ? လူညီရင် ဤ ကို ကျွဲ ဖတ်ကြမယ် ဆိုရင် ၂၀၁၅ ဖက်ဒရယ် ဖွဲ့စည်းပုံပြင်ဆင်ရေး ဒီမိုကရေစီ တကယ်ဖြစ်လာမလား ?အိပ်မက် မက်ကြည့်ဖို့တောင် မလွယ်။

    ReplyDelete
  3. အလကားနေရင်းတော့ ဗုဒ္ဓဘာသာတွေ ကတရားလက်မဲ့ လူလူချင်း ဘယ် သတ်ဖြတ်မလဲကွ။သရေပေါ်အိပ် သရေနားစား ပြီး လူကိုခွေး ကကျောလာလို့  ခွေးတွေကို မတတ်သာလို့  ဆုံးမရတာပေါ့ကွ စောက်ရူးရ။အော်ဒါနဲ့  မင်းအမေ နဲ့ နှမတွေ ကုလားအိမ်မှာ ကျွန်ခံနေရလို့ မင်းက ကုလားဘက်ကနာနေတာလား စောက်ရူးရ

    ReplyDelete
  4. ko amay ko loo win htain,, get out,,our meik htilar town ship.. you are unlucky for us,,

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။