/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, September 5, 2013

.

သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ရပ်မှန် ဇာတ်လမ်း ရိုက်မည်

သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ရပ်မှန် ဇာတ်လမ်း ရိုက်မည်

သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ရပ်မှန် ဇာတ်လမ်းကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်တို့ ပူးပေါင်းကာ ‘လွတ်လမ်းမရှိ’ အမည်ဖြင့် ဇာတ်ကား ရိုက်ကူးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ပြောကြားသည်။


အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၄၉) ကြိမ် မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသည့် အနေနှင့် ၂၀၀၁ ခုနှစ်တွင် ရွှေပြည်သာ မြို့နယ်၌ ဖြစ်ပွားခဲ့သော သုံးလောင်းပြိုင် လူသတ်မှု အကြောင်းကို ရိုက်ကူးမည် ဖြစ် ကြောင်း ယင်းအမှုသည် အချိန် ၅ နှစ်ခန့်ကြာမှ တရားခံကို ပြန် လည် ဖော်ထုတ်နိုင်ကြောင်း၊ ယင်းဇာတ်လမ်းတွင် အဓိက ပညာ ပေး လိုသည်မှာ လူယုံသတ်၍ သေနိုင်သည်ဆိုသော အကြောင်း ဖြစ်ပြီး ပထမဆုံး ဇာတ်လမ်းအဖြစ် ဖော်ပြခြင်းခံရ၍ ဝမ်းသာကြောင်း အဆိုပါ ဇာတ်ကား အတွက် ဝတ္ထု ဇာတ်လမ်း ရေးသားသူ ရဲအုပ်မောင်မောင်အေး (ငြိမ်း) စုံထောက် မောင်ရေခဲက ပြောကြား သည်။ “ဒီဇာတ်လမ်းမှာ အေးမြတ်သူက ရဲမေတစ်ယောက် အနေနဲ့ သရုပ်ဆောင် ရမှာပါ။

ဒီဇာတ်လမ်းက အစ်မအတွက် ပထမဆုံး ဂုဏ်ပြုဇာတ်လမ်းတစ်ခုဖြစ်တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ဂုဏ်ယူပါတယ်။ အခုလို ဒီမိုကရေစီ လမ်းကြောင်းကို သွားနေတဲ့ခေတ်မှာ ပြည်သူတွေကို အကျိုးပြုတဲ့ ရဲတပ်ဖွဲ့ကို ဂုဏ်ပြုရတဲ့အတွက် ဝမ်းသာပါတယ်” ဟု သရုပ်ဆောင်အေးမြတ်သူက ပြောကြားသည်။ ယင်းဇာတ်လမ်း ရိုက်ကူးရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လိုအပ်သည်များကို ဖြည့်ဆည်းပေးမည် ဖြစ်ပြီး ဖြစ်ရပ်မှန် ဇာတ်လမ်းကို ရိုက်ကူးရန် အတွက် အကောင်းဆုံး ရိုက်ကူး သွားမည် ဖြစ်ကြောင်း၊ ယခု ရိုက်ကူးမည့် ဇာတ်လမ်းသည် ပညာပေး ဇာတ်လမ်း ဖြစ်သောကြောင့် ပြည်သူများ ထံသို့ လောင်းကစားနှင့် ပတ်သက်သည့် အသိတစ်ခု ပေးစွမ်းနိုင်မည် ဖြစ်ကြောင်း ဒါရိုက်တာ မီးပွားက ပြောကြားသည်။

အဆိုပါ ဇာတ်လမ်းကို ဝတ္ထုဇာတ်လမ်း စုံထောက် မောင်ရေခဲက ရေးသားထားပြီး ဇာတ်ညွှန်းမြမြင့်မိုရ်၊ ဒါရိုက်တာ မီးပွားနှင့် သရုပ်ဆောင်ဖြိုးငွေစိုး၊ အေးမြတ်သူ၊ သားညီတို့က အဓိကပါဝင် ရိုက်ကူးမည်ဖြစ်ပြီး အောက်တိုဘာလ ၁ ရက်နေ့တွင် ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသမည် ဖြစ်သည်။

From:ရိုးရာလေး

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။