/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, September 6, 2013

.

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၌ ဝန်ထမ်းအိမ်ရာ သုံးလွှာမှ ပြုတ်ကျသေဆုံး



နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက် ဝန်ထမ်းအိမ်ရာ တိုက်အမှတ်(၁၃၆၆) အခန်း(၂၆)တွင် နေထိုင်လျက်ရှိသော ရုံးအကူယာဉ်မောင်း တာဝန်ထမ်း ဆောင်နေသည့် နေလင်းအောင် အသက် (၃၀)နှစ်သည် စက်တင်ဘာ ၅ ရက် နံနက် ၆ နာရီခွဲခန့်တွင် ဝန်ထမ်း အိမ်ရာလေးလွှာတိုက်၏ သုံးလွှာမြောက် အခန်း(၂၆)မှ ပြုတ်ကျ သေဆုံး ကြောင်း သိရသည်။

အဆိုပါသေဆုံးမှုဖြစ်ပွားကြောင်း အကြောင်း ကြား သဖြင့် ရပ်ကွက်အုပ် ချုပ်ရေးမှူး ဦးစောလင်းနှင့်အမှတ်(၃)နယ်မြေရဲစခန်းမှူး ရဲအုပ် ထွန်းထွန်းဦး နှင့် အဖွဲ့လာရောက်စစ်ဆေး၍ ခုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ပြီး အမှတ်(၃) နယ်မြေရဲစခန်းက သေမှု သေခင်းအမှတ် ၂/၂၀၁၃ အရ အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။

(ကျော်သူရ-နေပြည်တော်)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။