/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, August 31, 2013

.

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် ပယ်ဖျက်ရမည့် ဥပဒေပုဒ်မ စုစုပေါင်း ၂၃ ခု တွေ့ရှိရ

လေ့လာရေးနှင့် သုတေသနဋ္ဌာန။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ။

၁။ ပုဒ်မ ၆ (စ)

နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး တို့ကို အစဉ်တစိုက် ဦးတည်သည်။


ပုဒ်မ ၃၃၉ တွင် နိုင်ငံတော်အား ပြည်တွင်းပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်ဟု ပြဋ္ဌာန်းထားပြီးဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံတည်ဆောက်မည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပုဒ်မ ၃၃၉ အတိုင်းသာဆောင်ရွက်ရမည်ဖြစ်ပြီး တပ်မတော်သည် နိုင်ငံရေးကိစ္စများတွင် တိုက်ရိုက်ပါဝင်ခြင်း မဖြစ်သင့်ပါ။

ထို့ကြောင့် ပုဒ်မ ၆ (စ) ကို ပယ်ဖျက်ရပါမည်။

ပုဒ်မ ၆ (စ) ၏ အကျိုးဆက်ကြောင့် အခြားဒီမိုကရေစီမဆန်သည့် ဥပဒေပုဒ်မများကို ဖြစ်ပေါ်စေပါသည်။ ။

၂။ ပုဒ်မ ၁၄

ပြည်ထောင်စုလွှတ်တော်။ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်သည့် ဦးရေအတိုင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများ ပါဝင်သည်။

*** လွှတ်တော်တစ်ရပ်ဆိုသည်မှာ ပြည်သူလူထုကိုယ်တိုင်က ရွေးချယ်တင်မြှောက်ထားသည့် ပြည်သူ့ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်ဖြစ်ပါသည်။

ယခု ပုဒ်မ ၁၄ အရ လွှတ်တော်အတွင်းတွင် ပြည်သူလူထုဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ထားခြင်း မဟုတ်သူများ ပါဝင်နေသဖြင့် ဒီမိုကရေစီမူနှင့် ဆန့်ကျင်နေပါသည်။ ထို့အတွက် ဤ ပုဒ်မ ၁၄ ကို ပယ်ဖျက် ရပါမည်။

၃။ ပုဒ်မ ၇၄

ပြည်ထောင်စု လွှတ်တော်တွင် အောက်ပါလွှတ်တော်နှစ်ရပ်ပါဝင်သည်။

(က)ပုဒ်မ ၁၀၉ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မြို့နယ်ကိုအခြေခံ၍ လည်းကောင်း။ လူဦးရေကိုအခြေခံ၍ လည်းကောင်း ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် ပြည်သူ့လွှတ်တော်။

(ခ) ပုဒ်မ ၁၄၁ပါ ပြဋ္ဌာန်းချက်များနှင့်အညီ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ဦးရေတူညီစွာ ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က အမည်စာရင်းတင်သွင်းသော တပ်မတော်သား လွတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် အမျိုးသားလွှတ်တော်။

၎။ ပုဒ်မ ၁၀၉

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် ၁၁၀ ဦးထက်မပိုသော တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ။

၅။ ပုဒ်မ ၁၄၁

သက်ဆိုင်ရာပြည်ထောင်စု နယ်မြေများ အပါအဝင် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်တစ်ခုစီအတွက် ကိုယ်စားလှယ် လေးဦးကျစီဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅၆ ဦး။

****အမျိုးသားလွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် (၅၆)ဦး။ ပြည်သူ့လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် (၁၁၀) ဦး။ ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် (၁၆၆) ဦးတို့သည်ုပြည်သူလူထု၏ ဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ်များမဟုတ်ပဲ ရယူထားခြင်းဖြစ်သည်။

အခန်း(၉) ပုဒ်မ ၃၉၁ (ခ) တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငွသားနှင့် ဥပဒေအရဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူတိုင်းသည် ရွေးကောက်ပွံတစ်ရပ်၌ မဲဆန္ဒနယ်တစ်နယ်တွင် လွှတ်တော်တစ်ရပ်စီအတွက် ဆန္ဒမဲ တစ်မဲသာ ပေးပိုင်ခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားပါသည်။ အခန်း(၁) ပုဒ်မ ၂၁(က)တွင် နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် တန်းတူညီမျှမှု အခွက့်အရေး။ လွတ်လပ်မှု အခွင့်အရေး။ တရားမျှတမှု အခွင့်အရေးတို့ကို ခံစားခွင့်ရှိသည်ဟု ပြဋ္ဌာန်းဖော်ပြထားပါသည်။

ထို့ကြောင့် တပ်မတော်ကာပွယ်ရေးဦးစီးချုပ်တစ်ဦးထည်းက လွှတ်တေည်ကိုယ်စားလှယ် ၁၆၆ ဦးကို ရွေးချယ်ခွင့် ရယူထားသည့်အတွက် လူတစ်ကိုယ် မဲတစ်ပြား အခြေခီံမိုကရေစီ စံနှုန်းနှင့် ကိုက်ညီခြင်း မရှိဖြစ်နေပါသည်။ ထို့အပြင် နိုင်ငံသားတိုင်း တန်းတူညီမျှမှုအခွင့်အရေး ခံစားခွင့်ရှိသည် ဆိုသည့် မူနှင့်လည်း သွေဖီနေပါသည်။ ထို့ကြောင့် ပုဒ်မ ၇၄။ ပုဒ်မ ၁၀၉(ခ)။ ပုဒ်မ ၁၄၁ (ခ) တို့ကို ပယ်ဖျက်ရ ပါမည်။

ထိုပုဒ်မများနှင့် တစ်ဆက်ထည်း

၆။ ပုဒ်မ ၁၂၂
၇။ ပုဒ်မ ၁၅၃
၈။ ပုဒ်မ ၁၇၀
တို့ကိုလည်း အခြေခံ ဒီမိုကရေစီစံနှုန်းနှင့် မပိုက်ညီသည့်အတွက် ပယ်ဖျက်ရပါမည်။

၉။ ပုဒ်မ ၆၀ (ခ) (၃)

ဖော်ပြပါလွှတ်တော်နှစ်ရပ်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားကိုယ်စားလှယ်များ အစုအဖွဲ့။

၁၀။ ပုဒ်မ ၆၀ (ဂ)

ယင်းအစုအဖွဲ့တစ်ဖွဲ့စီက ဒုတိယသမတတစ်ဦးစီကို လွှတ်တော်ကိုယ်စားလှယ်များထဲမှဖြစ်စေ။ လွှတ်တော် ကိုယ်စားလှယ်မဟုတ်သူများထဲမှဖြစ်စေရွေးချယ်တင်မြှောက်ရမည်။

****ကာကွယ်ရေးဦးစီးချုပ်ကအမည်စာရင်းတင်သွင်းသည့် တပ်မတော်သားကိုယ်စားလှယ်များ လွှတ်တော်ထဲတွင် တည်ရှိနေခြင်းကို ပယ်ဖျက်လိုက်ပြီဆိုလျှင် ပုဒ်မ ၆၀ (ခ)(၃) နှင့် ပုဒ်မ ၆၀ (ဂ) တို့မှာလည်း ရှိရန်မလိုတော့သဖြင့် ပယ်ဖျက်ပစ်ရမည်။ ****

နိုင်ငံတော်အကြီးအကဲတစ်ဦးဆိုသည်မှာ ပြည်သူ့ဆန္ဒနှင့် ရွေးချယ်တင်မြှောက်ထားသူသာ ဖြစ်ရပါမည်။ ယခု ပုဒ်မ ၆၀ (ဂ) တွင်

"" လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲမှဖြစ်စေ ရွေးချယ်တင်မြှောက်ရမည်"" ဟု ပြဋ္ဌာန်းဖော်ပြထား ပါသည်။ ထို့အတွက် ပုဒ်မ ၆၀ (ဂ)မှာ ဒီမိုကရေစီ စံနှုန်းနှင့် လုံးဝ မအပ်စပ်ကြောင်း ထင်ရှားပါသည်။ သို့မဟုတ်ပါက သမ္မတ တိုက်ရိုက်ရွေးစနစ် (Popular Vote) ကို ကျင့်သုံးသင့်ပါသည်။

၁၁။ ပုဒ်မ ၁၆၁ (ဃ)

ပုဒ်မခွဲ(က)နှင့် (ခ) သို့မဟုတ် ပုဒ်မခွဲ(က)နှင့် (ဂ) တို့အရ ရွေးကောက်တင်မြှောက်သည့် လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့် ညီမျှသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပိမတော်သား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်များ။ ။

****

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ၏ ဖွဲ့စည်းပုံနှင့် ပတ်သက်၍ ကာကွယ်ရေးဦးစီးချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်တိုင်းတွင် လွှတ်တော်ကိုယ်စာလှယ်များ၏ သုံးပုံတစ်ပုံရှိသော တပ်မတော်သားကိုယ်စားလှယ်များကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမည်စာရင်း တင်သွင်း ရယူ ထားပါသည်။ ထိုသို့ ရယူထားခြင်းမှာ လူတစ်ကိုယ်မဲတစ်ပြားသာပေးခွင့်ရှိသည့် ပုဒ်မ ၃၉၁ (ခ) ကို ချိုးဖောက်ထားသဖြင့် အခြေခံဒီမိုကရေစီစံနှုန်းနှင့် ကိုက်ညီခြင်းမရှိဖြစ်နေပါသည်။

ထို့ကြောင့် ပုဒ်မ ၁၆၁ (ခ) ကို ပယ်ဖျက်ပစ်ရပါမည်။

__________________________________________________

လေ့လာရေးနှင့် သုတေသနဋ္ဌာန။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ။ (30-8-2013)

2 comments:

  1. ကြားဖြတ် ရွေးကောက် ပွဲဝင် ပြီး ကြားညှပ်နေ တဲ့ သူ ငြိမ်ပိရေး ဥပဒေ စိုးမိုးရေး Comety မှနှုတ်ထွက်ပါ အ ခြေ နေ ပို ဆိုး သွားလို့ပါ

    ReplyDelete
  2. အစိုးရကဥပ​ဒေကိုပြင်​ဆင်​​နေသည့်​အချိန်​တွင်​စစ်​​တွေမြို. ​ပေါ်တွင်​ယဉ်​ထိန်းရဲများသည်​ဥပ​ဒေအထက်​မှာရှိ​နေကြပါသည်​။မီးစက်​ကြီအဝိုင်းပတ်​မှာ​စောင့်​​သောယဉ်​ထိန်းရဲများသည်​သုံးဘီးဆိုင်​ကယ်​များမှပိုက်​ဆံမတရား​တောင်းယူ​နေကြသည်​။အလားတူပင်​စစ်​တပ်​ဂိတ်​တွင်​လည်းစစ်​သားများကပိုက်​ဆံလိုက်​​တောင်း​နေကြပါသည်​။သူတို့ကိုအစိုးရကလစာ​လောက်​ငှ​အောင်​မ​ပေးလို့လား?အစိုရဆိုတာပြည်​သူကိုနှိပ်​စက်​ဖို့လား။အထက်​လူကြီးများသိ​စေချင်​ပါသည်​။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။