/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, August 28, 2013

.

အဓိကရုဏ်းကို အစိုးရ အဆုံးမသတ်ချင်သလော (ဧရာဝတီ အယ်ဒီတာ့အာဘော်)

ဩဂုတ်လ ၂၄ ရက် ည စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် တဖန်ပြန်လည် ဖြစ်ပွား လာခဲ့သော ဘာသာရေးခွဲခြားမှု အကြောင်းပြုပြီး မီးရှို့ဖျက်ဆီးခြင်းသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တာနား၏ မိတ္ထီလာခရီးစဉ်အတွင်း ကားကို ဝိုင်း၍ ထုရိုက်ခံရအပြီး ၄ ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


ယင်းသည် မြန်မာနိုင်ငံအတွက် လွန်စွာ မျက်နှာပျက်စရာဖြစ်ပြီး ၂၀၁၂ မေလ ရခိုင်ပြည်တွင် စတင်ဖြစ်ပွား ခဲ့ကာ အလျင်အမြန် ပြန့်ပွားလာနေခဲ့သော လူမျိုးရေး ဘာသာရေး ခွဲခြားမှု အကြမ်းဖက် တိုက်ခိုက်ခြင်း များကို အစိုးရအနေဖြင့် ထိန်းချုပ်နိုင်စွမ်း မရှိကြောင်းနှင့် အဆိုပါကိစ္စကို အရေးယူ ကိုင်တွယ်နေသည့် ကုလသမဂ္ဂ သံတမန်၏ လုံခြုံရေးအပေါ် နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းများအရ လိုက်နာ စောင့်ထိန်းရမည်ကို အလေးအနက် မရှိကြောင်း ပြသနေပေသည်။

ကောက်ရိုးမီးကဲ့သို့ ခဏ တောက်လောင်ပြီး ပြန်ငြိမ်းသွားတတ်သော အကြမ်းဖက် တိုက်ခိုက်ခြင်းများကို ကိုင်တွယ် ဖြေရှင်းရာတွင် အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနမှ မကြာခဏ ထုတ်ပြန်ကြေညာသလို အခြေ အနေ မှာ အေးချမ်း တည်ငြိမ်သွားပြီ ဆိုသည်မှာ မဟုတ်ဟု ယခုဖြစ်ရပ်များက သက်သေဖြစ်သည်။

အမှန်မှာ မီးခဲပြာဖုံးသကဲ့သို့သာဖြစ်နေပြီး အမုန်းတရား လေပင့်ပေးပါက အဓိကရုဏ်းမီး အချိန်မရွေး ထ တောက်လောင် နိုင်ကာ လောင်ပြီဆိုလျင်လည်း အချိန်မီ မငြှိမ်းသတ်တော့ပေ။

ပိုဆိုးရွားသည်မှာ သမ္မတဦးသိန်းစိန်က ဘာသာရေး လူမျိုးရေးခွဲခြားနှိမ်ချမှုများကို လက်မခံဘဲ အရေးယူ သွားမည်ဟု မိန့်ခွန်းများ ခြွေနေသော်ငြား သမ္မတရုံးနှင့် သမ္မတ ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန် ကြေညာချက်များသည်ကား အဓိကရုဏ်း မီးကို လေပင့်ပေးနေသော မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူနှင့် ၎င်းဦးစီးဦးဆောင်ပြုနေသည့် ၉၆၉ အဖွဲ့ကိုပင် ထောက်ခံ ကာကွယ်နေခြင်းပင်။ ယင်းသည် သမ္မတ၏ သဘောထားလော၊ သို့မဟုတ် သမ္မတရုံးနှင့် သမ္မတ ပြောရေးဆိုခွင့် ရှိသူတို့က ဘောင်ကျော် လုပ်ဆောင်ခြင်းလော။

အကယ်၍ အဓိကရုဏ်းမီးကို လေပင့်ပေးနေသူများအား လွှတ်ပေးထားခြင်းသည် သမ္မတ၏ သဘောထား ဆိုလျှင် သမ္မတဦးသိန်းစိန် ရိုးသားသန့်ရှင်းသည်ဟု ဂုဏ်သတင်းမွှေးခဲ့ခြင်းသည် ဖန်တီးချက်တခု ဖြစ်သွားပေသည်။ သမ္မတရုံးနှင့် သမ္မတ ပြောရေးဆိုခွင့်ရှိသူတို့က ဘောင်ကျော်လုပ်ဆောင်ခြင်း ဆိုလျှင် သမ္မတဦးသိန်းစိန် တုံးလွန်း အ လွန်းသည်ဟု ပြောစရာဖြစ်မည်။ မည်သို့ပင်ဖြစ်စေ သမ္မတရုံးနှင့် သမ္မတ ပြောရေးဆိုခွင့်ရှိသူတို့၏ လက်ရှိ သဘောထားများမှာ ပြဿနာ မီးမွှေးထားခြင်းကို လိုလားသည်ဟုပင် ကောက်ချက်ချနိုင်သည်။

ထိုကောက်ချက်သို့ ရောက်ရန် မစ္စတာကင်တားနား ကားတန်း ခြိမ်းခြောက်ခံရမှုအပေါ် သမ္မတ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်၏ သဘောထား မှတ်ချက်များက ပို၍ တွန်းအားပေးခဲ့သည်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်၏ ကားကို လူအုပ်က ဝိုင်းဝန်း ရိုက်ပုတ်ကြသည်ကိုပင် အန္တရာယ်မရှိဟု နိုင်ငံတကာ သံတမန်ရေး အတွေ့အကြုံရှိဖူးသူ တယောက် အနေဖြင့် ပြောဆိုရန် မသင့်ပေ။ သမ္မတ ဦးသိန်းစိန်၏ နိုင်ငံခြားခရီးစဉ်များတွင် ကန့်ကွက် ဆန္ဒပြသူများ အား သက်ဆိုင်ရာနိုင်ငံများ၏ လုံခြုံရေး ရဲတပ်ဖွဲ့များက ကားတန်းအနီး ပေး အကပ်ခံဖူး သလော ဟူသည်ကို ဦးရဲထွဋ်က ပိုသိပေမည်။

ချုပ်လျှင် ဦးသိန်းစိန်အစိုးရ တာဝန်ရှိသူများ၏ ပုဂ္ဂလိက ခံစားချက်နှင့် အမြင်သဘောထားများသည် အစိုးရ၏ တရားဝင် မူဝါဒများကို ကျော်လွန်ဖုံးအုပ်လာပြီး အလေးအနက်ထား ကိုင်တွယ်ဖြေရှင်းရမည့် ပြဿနာများကို ပြီးပြီးရော ပေါ့ပေါ့တန်တန် သဘောထားနေကြသည်။ လူ့အခွင့်အရေး၊ သံတမန်ရေး စည်းမျဉ်းစည်းကမ်းများကို လေးစား အသိအမှတ်ပြုရန်ပင် မစွမ်းဆောင်နိုင် ဖြစ်လာနေခဲ့သည်ကို ထောက်ရှု၍ ရှေ့ဆက် နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲရေး မည်သို့ လုပ်ဆောင် ဦးမည်နည်းဟု သံသယ ကြီးစွာ ဖြစ်ရသည်။

ယခုအတိုင်း ပြဿနာကို ဆက်လက်ကိုင်တွယ်နေမည်ဆိုလျှင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ စားပွဲသို့ မြန်မာအရေး ပြန်လည်ရောက်ရှိပြီး မျက်နှာကောင်း ရရှိထားခြင်းများ ပျောက်ဆုံးကာ ယခင်ကအတိုင်း မျက်နှာပျက်စရာ ပြန်ဖြစ်လာ ပေလိမ့်မည်။ မနေ့ကပင် မြန်မာ့ပြုပြင်ပြောင်းလဲရေးကို အကြီးအကျယ် လက်ကမ်းကြိုခဲ့သည့် အမေရိကန် ပြည်ထောင်စု အစိုးရ၏ ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံရှိ မွတ်စလင် ဆန့်ကျင်ရေး လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများကို အထူး သတိထား စောင့်ကြည့်ရမည့်သူများ (SDN) စာရင်းတွင် ထားရှိရန် အမေရိကန်ပြည်ထောင်စု၏ နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှု ဆိုင်ရာ ကော်မရှင် အစီရင်ခံစာက တိုက်တွန်းနှိုးဆော်ခဲ့သည်ကို သတိမူသင့်ပေကြောင်း။

Credit : http://burma.irrawaddy.org/archives/47038

9 comments:

  1. နင့်အ မေလင် ကင် တားနားကောင်းကြောင်းပြောနေရ အောင် နင် ကဘယ်နိင် ငံမှာနေတာမိုလို့လဲ သမတဆိုတာ ဒီနိင် ငံရဲ့ဖခင် တ ယောက်ပဲ နိင်:ငံတိုးတက်အောင် ဘဲလုပ်တာ မြန်မာနိင် ငံရဲ့ဘာသာဟာဗုဒ်ဓဘာသာဆိုတာလဲထညှ်ုတွက်အုးံလေ နင် က၇၈၆ မို့ဒီစကားပြောတာပေါ. ငါတို့ဆရာတော် ဥူးဝီရသူဆိုတာ ဘာသာ သာသနာကို စောင့်ရှောက်တာဟဲ့ နင် ငရဲကြီးလိမ့်မယ်နော် ဟဲဟိုးသူ

    ReplyDelete
    Replies
    1. ကင်တားနားဟာ နိုင်ငံတော်ဧည့်သည်
      အဖြစ်နဲ့လာတာဖြစ်လို့ အစိုးရအပေါ်မှာ
      လုံးဝတာဝန်ရှိနေတယ်။ မကြိုက်ရင်
      အလာမခံနဲ့။ ဆန္ဒပြတာရပါတယ်။
      ကားကို ထုနှက်တာကတော့ over ဖြစ်
      သွားပြီ။ ယဉ်ကျေးပါတယ်ဆိုတဲ့ မြန်မာတွေ
      အဲ့ဒီ့ image က သွားပြီပေါ့။
      ပြီး ထစ်ကနဲရှိ မဆိုင်တဲ့သူတွေရဲ့ အိမ်တွေဖျက်စီး မီးရှို့ခံရတဲ့သူတွေ
      အရမ်းဒုက္ခရောက်ကြရပါတယ်။ မခံနိုင်လို့ ပြန်ခံချပြန်ရင်လည်း မီးကပိုကြီးလာဦးမယ်။
      မြန်မာတွေ သတ္တိကောင်းတယ်ဆိုတာ
      လူများစုမို့လို့လား။ ဝိုင်းအနိုင်ကျင့်ကြ
      တာပေါ့လေ။ တရားခံဖမ်းမိပြီဘဲ။
      ခုဖြစ်နေပုံက ကုလားတော့ လက်မခံဘူး
      မြန်မာအချင်းချင်း မုဒိန်းကျင့် အကုန်
      ပါးစပ်ပိတ်နေမယ်။ ၅ နှစ်သမီးလဲ ကျင့်ကြ
      ရဲက ဖမ်းနိုင်ရင်ဖမ်း။တို့ကတော့
      ဘာမှမပြောဘူး။ အဲဒီလိုလား။
      ဘာကိုမှ တဘက်စောင်းနင်း မဖြစ်အောင်
      သတိထားကြပါ မြန်မာလူထုရေ။
      ပြသနာတွေဟာ တဖြေးဖြေးကြီးလာနေပြီ
      ကိုယ့်သေတွင်းကိုယ်တူး သလို
      ဖြစ်လာကြတော့မယ်။
      တခုသတိထားကြဖို့က
      အသက်ဘေး အန္တရာယ်က လွတ်မြောက်ဖို့
      ကြိုးပမ်းလာကြတဲ့ စုစည်းညီညွတ်မှု
      ခွန်အားတွေဟာ အရမ်းကြောက်ဖို့
      ကောင်းလာမှာနော်။
      ငြိမ်းချမ်းနေတဲ့ မြန်မာပြည်ကို
      ဆက်ပြီးငြိမ်းချမ်းစေဖို့ လူတိုင်းမှာ
      တာဝန်ရှိတယ်။
      အီရတ်လို အဖြစ်မခံချင်ကြပါနဲ့။
      စစ်တလင်း အဖြစ်မခံ ချင်ကြပါနဲ့။
      တော်ကြာ ဟဲဟိုးသူလဲ ဟောဟဲသူ
      ဖြစ်သွားဦးမယ်နော့်။

      Delete
    2.္ဆ္တ္န္မ္ကှ္စုဧည့်​သည်​ ဆိုတာဧည့်​သည်​လို​နေရတယ်​ မင်းအ​မေလင်​ရဲ့ကားကိုဘယ်​သူကထုရိုက်​လို့လဲ မင်းပ​ထွေးလုပ်​ကြံ​ပြောတာ အကုန်​သိတယ်​ သတင်းထဲကဓာတ်​ပုံ​တေတွပြန်​ကြည့်​လိုက်​အုံး မင်းပ​ထွေးကုလား​ခွေး​တွေက အရင်​မီးရှို့တာ မသိရင်​ဆရာလာမလုပ်​နဲ့ မင်းကစစ်​​တွေမှာကိုယ်​တိုင်​ကြုံဖူးလား ငါတို့က​စောက်​​ခွေး​တွေလုပ်​သမျှ ရင်​စီးခံ ခဲ့ရတာ ဘယ်​သူအရင်​​စော်​ ကားတာလဲဆိုတာအကုန်​သိတယ်​ မင်းနား မျက်​စိထဲကုလားဟာနဲ့ဆို့ထားခံရလို့လား အဖြစ်​ပျက်​ကို​ပြောင်းပြန်​မ​ရေးနဲ့ မသိရင်​မင်းဖင်​ပိတ်​​နေ

      Delete
    3. မိတ္ထီလာမှာ ဖြစ်သွားတာ မင်းမသိဘူးလား
      မင်းရဲ့ နားနဲ့မျက်လုံးတွေ ဘာနဲ့ဆို့နေလဲ။

      Delete
  2. အပေါ်က အယ်ဒီတာ့ အာဘော်ဆိုပြီးရေးတဲ့ မအေလိုးကောင်။
    မင်းသမီးကို ဗမာသုံးယောက်ဝိုင်းမဒိမ်းကျင်ရင်မင်းဘာလုပ်မလဲ မအေးလိုး။
    မင်းတို့  မူဆလိမ် မဒိမ်းကောင်တွေ ခွေးကျင့်ခွေးကြံ မကြံရင် ဦးဝီရသူ အယောက်တစ်ရာက တရားဟောနေလည်း ဘာပြသနာမှရှိစရာမရှိဘူးကွ။ခွေးလောက်မှစောက်ဆင့် မရှိတဲ့ကောင်ကများ ခွေးစကားတွေ ပြောနေတယ်။မင်းတို့  အလာရ်အရှင်ယုတ်က မင်းတို့ ကို ခွေးကျင့်ခွေးကြံ ကြံဖို့ ပဲသင်ပေးထားမှာပေါ့ကွာ သူကိုယ်တိုင်ကလည်းခွေးပဲကိုး။

    ReplyDelete
    Replies
    1. ဒုစရိုက်မှုနဲ့ ဘာသာရေး ခွဲခြား
      သိရှိရမယ်။ ဂျပန်အမျိုးသမီး တိုးရစ်ကို
      ဒီမှာ မုဒိန်းကျင့် သတ်ပစ်လိုက်လို့
      ဂျပန်တွေဟာ ဟိုက မြန်မာတွေကို
      လက်စားပြန်မချေပါဘူး။
      ဒါဟာ ရဲအရေးပိုင်တဲ့ ဒုစရိုက်မှုသက်သက်ဘဲ
      စိတ်မကောင်းစရာတခုက မြန်မာပြည်က
      ရဲတွေဟာ သနားစရာကောင်းနေတယ်။
      image လဲမရှိ။ respect လဲအပေးမခံ
      ကြရဘူးဖြစ်နေတယ်။

      Delete
  3. အဲ့ဒါအဲ့ဒီတာ..အာဘော်မဟုတ်ဘူး...ကုလားအာဘော်ဟ...မအေလိုးဧရာဝတီဆိုတဲ့သတင်းကကောင်တွေကကုလားတွေကွ.....ဒီကောင်ကင်းတနားဆိုတဲ့ကောင်က....မြန်မာပြည်လေဆိပ်မှာတမျိုးပြော...ဟိုရောက်တော့ခွေးလိုဟောင်နဲ့....သမ္မတကညံတယ်..တုံးတယ်နဲ့...မအေပေးတွေ...မြန်မာတွေသတ္တိကောင်းတယ်ဆိုတာ...အားလုံးသိတယ်...ဆရာတော်ဦးဝီရသူ(၉၆၉)ကဗုဒဘာသာလေ...သမ္မတကကော...ဗုဒဘာသာမြန်မာလေ...မအေပေးကုလားတွေသတိထားကြသိလား...အမေရီကန်ကမင်းတို့မွတ်တွေကိုကြည်တယ်များမှတ်နေလား...အယ်ဒီတာလုပ်ပြီး..ဘာမှမတတ်ဘူး....သတိထားနေ....ခွေးမွတ်တွေ...

    ReplyDelete
  4. ဦးဝါးရသူ ဆိုတာ သူများဝါး ရင်ပြသနာ ရှာသူ အရည်းကြီးလားဟင်?

    ReplyDelete
  5. အဆင့်ရှိ မရှိတော့ မ လေး ရှား မွစ် နိုင် ငံ အလုပ် ဘယ် နွားတွေသွားလုပ်/ uae burain qater?

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။