/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, August 27, 2013

.

အာရှ ယူ-၂၂ ပြိုင်ပွဲတွင် မြန်မာအသင်းရုန်းကန်ရနိုင်

မြန်မာ ယူ-၂၂ အသင်းသည် အာရှ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲအုပ်စု ပွဲစဉ်တွင် အိမ်ရှင်အိုမန်အသင်း အပါအဝင် ခြေစစ်ပွဲတွင် ရင်ဆိုင်ခဲ့ရသော တောင်ကိုရီးယား အသင်းနှင့် ဂျော်ဒန်အသင်းတို့ နှင့် ယှဉ်ပြိုင် ရမည်ဖြစ်သော ကြောင့် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ရန် ရုန်းကန်ရဖွယ် ရှိနေသည်။


မြန်မာ ယူ-၂၂ အသင်း သည် ခြေစစ်ပွဲစဉ်၌ တောင် ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ရာတွင် သရေရလဒ်ရရှိ အောင် ကစားနိုင်ခဲ့သော်လည်း ထိုစဉ်က တောင်ကိုရီးယား အသင်းမှာ တက္ကသိုလ် လက်ရွေး စင်ကစားသမားအများစုနှင့် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ယခု တစ်ကြိမ်တွင် အုပ်စုအဆင့်မှ ကျော်လွန် နိုင်ရန် ခက်ခက်ခဲခဲ ကစားရမည်ဟု သုံးသပ်မှုများ ရှိနေသည်။

ဆောက်သမ်းမြန်မာအ သင်းမန်နေဂျာ ဦးမြင့်ကြူးက ”မြန်မာယူ-၂၂အသင်းက အုပ်စု ကျပ်ထဲကို ရောက်ရှိ နေတာပါ။ ပြိုင်ဘက်အသင်းတွေနဲ့ မြန်မာ အသင်းထက် ခြေစွမ်းပိုင်းက သာလွန်နေပါတယ်။ ဒါပေမဲ့ ခြေစစ်ပွဲမှာ ကစားခဲ့တဲ့ မြန်မာ အသင်းရဲ့ ကစားပုံကတော့ ကျေနပ်စရာရှိပါတယ်။

မြန်မာ ယူ-၂၂ အသင်းအနေနဲ့ နောက် တစ်ဆင့်ကို လွယ်လွယ်ကူကူနဲ့ တက်ရောက်နိုင်မှာ မဟုတ်ပါ ဘူး။ ခြေစစ်ပွဲတုန်းကလို ကစားနိုင်ခဲ့မယ်ဆိုရင်တော့ နောက် တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ (၅၀)ရာခိုင်နှုန်း လောက် ရှိပါ တယ်”ဟု ပြောသည်။

အာရှယူ၂၂-ချန်ပီယံရှစ် ပြိုင်ပွဲအား လာမည့် ၂၀၁၄ ဇန်နဝါရီလ(၁၁)ရက်နေ့မှ (၂၆) ရက်အထိ အိုမန်နိုင်ငံ မတ်စကတ်မြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာအသင်းသည် အဖွင့်ပွဲစဉ် တွင် အိမ်ရှင်အိုမန်အသင်းနှင့် ရင်ဆိုင်ကစားရမည်ဖြစ်ပြီး အုပ်စုတွင်းအမှတ်အများဆုံး ရရှိမည့် အသင်းနှစ်သင်းအနေဖြင့် ကွာတား ဖိုင်နယ် သို့ တက်ရောက်ခွင့်ရမည် ဖြစ်သည်။

သြဂုတ်(၂၅)၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
Yangon Media Group

Article source: http://www.thithtoolwin.info/2013/08/blog-post_9263.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။