/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, August 27, 2013

.

ကြံ့ခိုင်ရေးပါတီ မဲအနိုင်ရရေးအတွက် စည်းရုံးမှုတချို့ မသမာမှု ရှိနေ

လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် တအာင် (ပလောင်) ရွာ တွေ ဖြစ်ကြသော မန်စပ် ၊ မန်ပူးကျေးရွာ ကြံခိုင်ရေးပါတီဝင် ကိုယ်စားလှယ်တွေ က ရွာကလူတွေကို မှတ်ပုံတင်လုပ်ပေးမည်ဟု လှည့်ဖြားပြီး ကြံခိုင်ရေး ပါတီဝင် ကဒ် အတင်း လုပ်ခိုင်းနေ ပါတယ်။


အိမ်ထောင်စုများ ယူလာခိုင်းပြီး မှတ်ပုံတင် ယောင်ဆောင် ပါတီဝင်ကဒ် လုပ်ပေးတဲ့အခါတွင် လည်း ရွာလူငယ်အဖွဲ့ နာမည်ကိုလည်း အသုံးချသွားတယ်လို့ သိရပါတယ်။

“ ဟုတ်တယ် ပထမက ပါတီဝင် ကဒ် လျှောက်လွှာဖြည့်ခိုင်းမှန်း မသိကြဘူးလေနော် မှတ်ပုံတင် လုပ်ပေး မယ်ဆိုလို့ လူတွေသွားကြတယ် ဒါပေမယ့် သူ့အိမ်ရောက်တော့ လျှောက်လွှာတွေဖြည့် ကြတယ် နောက်ဆုံးတော့ အဲ့ဒီကဒ်က မှတ်ပုံတင်မဟုတ်ဘဲ ပါတီ ၀င်ကဒ်ဘဲဖြစ်နေတယ်” လို့ လူငယ်တစ်ဦးက ပြောပြပါတယ်။

ကိုယ့်အိမ်ထောင်စုနဲ့ ကိုလာပြီး လျှောက်လွှာတွေ ဖြည့်တဲ့ လူတွေထဲမှာ အချို့ လူတွေ စာပေ တတ်မြောက်သော်လည်း အချို့လူတွေလည်း လျှောက်လွှာပါစာကို နားမလည် ဘဲဖြည့်ခိုင်းတာ လည်းရှိ ပါတယ် လို့သိရပါတယ်။

“အချို့လူတွေ စာဖတ်တတ်ပေမယ့် အချို့အမျိုးသမီးကလေးအမေတွေဆို စာမှမဖတ်တတ်တာ ဒါပေမယ့် အကုန်လုံးပါသွားတာပါပဲ”

မန်စပ်ရွာ လူငယ်အဖွဲ့က ရွာ တိုးတက်ရာ တိုးတက်ကြောင်းအတွက် ရည်ရွယ် စုစည်းထား တာဖြစ်သော် လည်း လူငယ်ခေါင်းဆောင်က အခု ကြံခိုင်ရေးပါတီဝင် ကိုယ်စားလှယ်ဖြစ်သဖြင့် ရွာလူငယ်အဖွဲ့အနေနှင့် ပါတီမဲရရှိရေးအတွက် လိမ်လည် စည်းရုံးနေပါတယ်လို့ သိရပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီ ကျင့်စဉ်ကို ကျင့်သုံးတဲ့ နိုင်ငံတိုင်းသည် ပြည်သူ လူထု ဆန္ဒကို အလေး အနက်ထား လေးစားကြသည့် အပြင် နိုင်ငံရေးပါတီတိုင်းသည်လည်း စည်းရုံးရေးတစ်ခုမှာ ပါတီ ၏ ပေါ်လစီ (Policy) မဲပေးပုံပေးနည်း နှင့် မိမိပါတီကို ဘာကြောင့်မဲပေးလိုကြောင်း ပြောပြ ချပြရမည်ဖြစ်သော်လည်း အခုလို ဗဟုသုတ နည်းပါးသေးသော ဒေသခံများ၏ ဆန္ဒကို အတင်းယူတာမျိုး မဖြစ်သင့်ကြောင်း နားလည်ထား ပါသည်။

သတင်းနှင့်လူ့အခွင့်အရေးမှတ်တမ်းဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

Credit : http://www.yeyintnge.com/2013/08/blog-post_8737.html#.UhwUDH8R8YI

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။