/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Sunday, July 7, 2013

.

ဟောင်ကောင်မင်းသမီး မေရီယန်း မုံရွာမှာ AIDS ပညာပေး ရုပ်ရှင်လာရိုက်



ဟောင်ကောင် မင်းသမီး မေရီယန်းနဲ့ သရုပ်ဆောင် အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ကျန်းမာရေး အသိပညာ ပေး ရုပ်ရှင် ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။


ကိုယ်ဝန်ဆောင်မိခင်တွေ AIDS ရောဂါ မကူး စက်စေရေး၊ မိခင်နဲ့ ကလေး ကျန်းမာရေး ပြည့်ဝ စေရေး အတွက် မြန်မာ ကျန်း မာရေး ၀န်ကြီးဌာနနဲ့ ကုလသမဂ္ဂရဲ့ UNICEF ယူနီဆက် တို့ ပူးပေါင်းပြီး ပညာပေး ရေး ဇာတ်လမ်းအတွက် စစ်ကိုင်းတိုင်း မုံရွာ၊ မုံရွှေး- ကြေးမုံရွာတွေမှာ ကမ္ဘာကျော် ဟောင်ကောင် မင်းသမီး မေရီယန်းနဲ့ ဟောင်ကောင်ကျန်းမာရေးဝန်ထမ်းတွေပါ ဆေးရုံတွေ၊ နေအိမ်တွေနဲ့ ရပ်ကွက် ကျေးရွာတွေမှာပါ ယခု ဇူလိုင်လ ၁ ရက်၊ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာ ရုပ်ရှင် ရိုက်ကူး တာဖြစ်တယ်လို့ ယနေ့ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။ 

ရိုက်ကွင်းမှာ ကျေးလက်အလှ၊ ကျေးလက်ဘ၀တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ 

အဆိုပါ ရုပ်ရှင်ရိုက်ကူးပြီးစီးသွားပြီး ရရှိတဲ့ ငွေကြေးအားလုံးကို ကိုယ်ဝန်ဆောင်မိခင်တွေ AIDS မကူး စက်ရေး လုပ်ဆောင် တဲ့ လုပ်ငန်းတွေမှာ အသုံးပြုဖို့ လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

Credit : http://blog.irrawaddy.org/2013/07/aids.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။