/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, April 27, 2013

.

Samsung Galaxy S4 မေ ၄ တွင် ပြည်တွင်း၌ စတင်ရောင်းချမည်

ဆမ်ဆောင်း၏ စွမ်းရည်မြင့် မျိုးဆက်သစ်ဖုန်း Galaxy S4 ကို လာမည့် မေလ ၄ ရက်နေ့တွင် ပြည်တွင်း၌ စတင်ရောင်းချသွားမည် ဖြစ်သည်။

Galaxy S4 စမတ်ဖုန်းမှာ ၅ လက်မ မြင်ကွင်းရှိမည် ဖြစ်ပြီး အလုံးရေ (၁၀၀၀)အား အထူးနှုန်း ငါးသိန်း ခြောက်သောင်းကိုးထောင် (569,000) ကျပ်ဖြင့် မေလ ၄ ရက်နေ့တွင် ဆီဒိုးနာဟိုတယ် ပထမ ထပ် ၌ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

ထူးခြားချက်များအနေဖြင့် ရှေ့နောက် ကင်မရာအား တစ်ပြိုင်တည်း အသုံးပြုနိုင်မည့် Dual Camera၊ ဓာတ်ပုံရိုက်ကူးရာတွင် အသံဖြင့်ပါ ထည့်သွင်းမှတ်တမ်းတင်နိုင်မည့် Sound & Shot, ဓာတ်ပုံများအား မှတ်စုသဖွယ် မှတ်တမ်းတင်နိုင်မည့် Story Album, သီချင်း၊ဓာတ်ပုံစသည်များအား အပေါင်းအသင်း များနှင့် ပူးတွဲခံစားနိုင်မည့် Ground Play, ရုပ်ရှင်များ ကြည့်ရှုနေရာမှ မျက်လုံးအကြည့်လွှဲလိုက်ရုံဖြင့် ရပ်တန်ပေးထားမည့် Smart Pause များ ထည့်သွင်း ထားကြောင်း Samsung မှ ကိုဇာနည်က ရှင်းလင်း ပြောကြားသည်။

ထို့ပြင် Samsung ၏ Note 8.0မော်ဒယ်အသစ်ကိုပါ တင်သွင်းရောင်းချမည် ဖြစ်ပြီး ဧပြီလ ၂၈ ရက်နေ့တွင် Junction Square ၌ အထူးနှုန်း 479000 ကျပ်ဖြင့် အလုံးရေ (၈၀၀)စတင်ရောင်း ချပေး သွား မည် ဖြစ်သည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။