/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, April 2, 2013

.

မူစယ်ဈေးကြီးအတွင်းရှိ ရွှေဆိုင် ဓါးပြတိုက်ခံရ

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ ဈေးကြီး အတွင်းရှိ ရွှေဆိုင်တစ်ဆိုင် အား ဧပြီလ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲခန့်က လက်နက်ကိုင် လူ တစ်စုက ဓါးပြဝင်တိုက်ခဲ့ပြီး ရွှေထည် ပစ္စည်းများ လုယူထွက်ပြေး သွား ကြောင်း သိရသည်။

စိုင်းရီမွန်းရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရခြင်း ဖြစ်ပြီး ရွှေထည်ပစ္စည်း အမြောက်အများ ဆုံးရှုံးကြောင်း မူစယ်မြို့ခံများက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ရွှေဆိုင်နာမည်က ဦးစိုင်းရီမွန်း ။ လက်နက်ကိုင်ထားတဲ့ ဓါးပြ ၃ ယောက်က ၀င်တိုက်တာ။ ပစ္စည်းတွေ လည်းပါသွားတယ် ။ လက်ကောက်တွေ ပါသွားတယ်လို့ သိရတယ်။ ခန့်မှန်းတန်ဖိုးတော့ မသိရဘူးပေါ့နော်။ အဲဒီဓါးပြတွေကိုလည်း မမိဘူး ” ဟု မြို့ခံတစ်ဦးက ဆိုသည် ။

၎င်းဓါးပြတိုက်ခံရသည့် ရွှေဆိုင်အနီးတွင် ရဲကင်းတစ်ခုရှိပြီး ဓါးပြများက သေနတ်ပစ်ဖေါက်၍ ပစ္စည်းများ လုယူ ထွက်ပြေး သွား ကြောင်း လူထိခိုက်မှု မရှိကြောင်း အခြားမြို့ခံများ၏ အဆိုအရ သိရသည် ။

Credit : Here

1 comment:

  1. နေ့ ခင်းကြောင်တောင်ကြီးမှာ ။တော်တော်မိုက်တာပါ့။
    လက်ထဲမှာရေပက်သေနတ်မဟုတ်တော့ လဲဘယ်
    သူရဲကောင်းက အာရုဏ်ရမလဲနော့ ။ခက်တယ်

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။