သံတောင်မြို့နယ်ဒေသတွင်း ဆာမူထော် အသင်း၏ ဒုဥက္ကဋ္ဌ ဖြစ်သူစောကလူထူးကို နှစ်ပေါင်း (၆၀)ကျော်ကြာ စစ်ဘေးစစ် ဒဏ်ခံခဲ့ရတဲ့ဒေသအတွင်း ပြည် သူလူထုရဲ့အခြေအနေငြိမ်းချမ်း ရေးဖွဲ့စည်းတိုးတက်ရေးအခြေ အနေများနှင့်ပတ်သက်၍ မေး မြန်းရာတွင်-
““ငြိမ်းချမ်းရေးကို အဆင့်၎ ဆင့်ခွဲထားပြီးတော့လုပ်ဆောင်ပါတယ်။ ပထမအဆင့်က လူမှု အထောက် အကူပြု Capacity အပိုင်းကိုမြှင့်တင်ပေးတယ်။ဒုတိယ က ဒေသတစ်ခုကို ၁၀ယောက်စီ ရွေးပြီးဒေသသုံးခု အတွက် အယောက် ၃၀ကို လူထုကိုယ်စား လှယ်တွေက KNU တပ်မဟာမှူး တွေနဲ့ထပ်တွေ့မယ်။ အခုအဆင့် သုံးထိရောက်လာပါပြီ။အဆင့်(၄) လုပ်ဆောင်ဖို့ကျန်ပါသေးတယ်။ ဒေသသုံးခုဆိုပေမဲ့လည်း သံတောင် ဒေသတစ်ခုလုံးကိုပြောတာပါ။ရွာ တွေ ပြည်သူတွေရဲ့ကိုယ်စားလှယ် အဖြစ် ကျွန်တော်တို့ ရပ်တည်မယ်။ ခေါင်းစဉ်သုံးခုနဲ့ပြည်သူကိုယ်စား လှယ်တွေကိုချပြပြီးတင်ခိုင်းမယ်။
တချို့ကိစ္စတွေကို KNU တပ်မဟာ(၂)ကနေဖြေရှင်းလို့ရ တာတွေရှိတယ်။ တချို့ကိစ္စကျ တော့ ဗဟိုဌာနချုပ်ကပဲဖြေရှင်း တယ်။ဗဟိုဌာနချုပ်ပိုင်းကလည်း အစိုးရပိုင်းကိုတောင်းဆိုရမယ့် အရာတွေရှိပါ တယ်။ အရင်တုန်းကငြိမ်းချမ်းရေး ဖော်ဆောင်တဲ့နေရာမှာပျက်ပြယ် ခဲ့တာတွေအကြိမ်ကြိမ်ရှိခဲ့တယ်။
အခုငြိမ်းချမ်းရေးနဲ့ပတ်သက် ပြီးအပစ်အခတ်ရပ်စဲရေးပဲရှိပါ သေးတယ်။ တကယ်ပဲထာဝရ တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို လှမ်းချင်ပါတယ်။ ပြည်သူဘက် ကနေပြီးတော့ပေါ့နော်။
အစိုးရဘက်ပိုင်းကလည်း လွတ်လွတ်လပ်လပ်သွားလာလုပ် ကိုင်စားသောက်ခွင့်ပြုလာပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးနည်း စနစ်အနေတစ်ခုနဲ့လား၊ပရိယာယ် လားမသိဘူး။ ဘာပဲဖြစ်ဖြစ် ပြည် သူတွေသွားတဲ့လာတဲ့အခါ အန္တ ရာယ်အဖြစ်အခုထိရှိနေသေးတဲ့ မိုင်းကိစ်္စတွေကိုလည်း ဗဟိုဌာန ချုပ်ကို တင်သွားမယ်။ ဗဟိုဌာန ချုပ်ကလည်း စစ်အစိုးရဘက်က မိုင်းရှင်းလင်းရေး တောင်းဆိုဖို့ တင် ပြသွား မှာဖြစ်တယ်လို့သိရပါတယ်။
KNU့ နဲ့ KNLA ဆိုပြီးရှိပါ တယ်။ KNLA ရှိရေးမရှိရေး ကရင်လူမျိုးတွေရှိနေသရွေ့ KNU ဆိုတာရှိနေမှာပဲလေ။ အဲဒီတော့ KNU ရှိမှဖြစ်မှာ လေ။ ဒါကတော့ဖြစ်မှာ ကရင် လူမျိုးဆိုတာလည်း KNU ရှိဖြစ်မှာလေ။ ကျွန်တော်တို့ ကရင်လူမျိုးတွေတော့ မရှိမ ဖြစ်ဘူးလို့ပြောပေမဲ့ တခြား လူမျိုးတွေကျတော့ ဘယ်လိုထင် မလဲမပြောတတ်ဘူးဗျ။ KNU ရှိ ရင် KNLA ရှိရင်ပဲ စိတ်ထဲမှာ တစ်မျိုးဖြစ်တတ်ကြလို့ ကျွန်တော် ဒီစကားပြောရတာပါ””ဟု ဆိုပါ သည်။
Credit : Here

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။