/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Sunday, March 10, 2013

.

ကျပ်သန်းပေါင်း သုံးသောင်းကျော် တန်ဖိုးရှိ ဗုဒ္ဓစင်တာ လန်ဒန်မြို့တွင် တည်ဆောက်မည်


မြန်မာငွေကျပ် သန်းပေါင်း သုံးသောင်းခြောက်ရာကျော် ကုန်ကျမည့် ဥရောပ-မြန်မာ ဗုဒ္ဓစင်တာကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်တွင် ပထမဦးဆုံး စတင်တည်ထောင်မည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ရှိ မြန်မာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။ အရှေ့တောင် အာရှ တွင် ထေရဝါဒ အများဆုံး ကိုးကွယ်သည့် မြန်မာနိုင်ငံ၏ ဘာသာတရားနှင့် ယဉ်ကျေးမှုများကိ ဥရောပနိုင်ငံ သားများကို ဖြန့်ဖြူးရန် ဥရောပခေတ်လက်ရာ ရှေးဟောင်းအဆောက်အအုံ တစ်ခုပါဝ င်ပြီး မြေနေရာ အ ကျယ် နှစ်ဧကခွဲ ရှိသည့် အဆိုပါ ဗုဒ္ဓစင်တာကို တည်ထောင်လိုခြင်း ဖြစ်ကြောင်း ဆရာတော်က ဆက် လက်မိန့်ကြားသည်။ “မြန်မာတွေ ဆောက်တဲ့ အကြီးဆုံး ဥရောပသာသနာပြု ဗုဒ္ဓစင်တာ ဖြစ်လာမယ်။

ဘာသာ၊ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ သင်တန်းတွေ ပေးသွားမယ်” ဟု ဆရာတော်က ရှင်းလင်းမိန့်ကြားသည်။ အ ဆိုပါ မြန်မာဗုဒ္ဓ စင်တာကို မြန်မာလူမျိုးများ၏ အလှူငွေများဖြင့် တစ်နှစ်အတွင်း အကောင် အ ထည် ဖော် သွားမည်ဖြစ်ပြီး မြေနေရာ တစ်ပေပတ်လည်ကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်တွင် စတာ လင်ပေါင် ၅၀၀ နှုန်းဖြင့် အလှူခံနေကြောင်း၊ မြန်မာနိုင်ငံသားများ လှူဒါန်းမည်ဆိုပါက မြေနေရာ တစ်ပေ ပတ် လည် ကို ငါးသောင်းကျပ်ဖြင့် လှူဒါန်းနိုင်ကြောင်း မြန်မာ-ဥရောပ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားရေး အသင်း ထံမှ စုံစမ်းသိရှိရသည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့သည် တစ်နှစ်လျှင် ကမ္ဘာလှည့်ခရီးသွား လူဦးရေ ၁၇ သန်းခန့် လာရောက် လည်ပ တ်ကြပြီး ဗုဒ္ဓစင်တာကြီး ပြီးစီးသွားပါက ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့လာမှုများ ရှိ လာနိုင်ကြောင်း လန်လန်မြို့တော်တွင် ဗုဒ္ဓဘာသာဝင် အနည်းငယ်သာရှိပြီး ခရစ်ယာဉ်ဘာသာဝင် များပြားကြောင်း၊ သို့သော် မည်သည့်ဘာသာမှ မကိုးကွယ်သည့် လူငယ်များလည်း များပြားလာနေကြောင်း The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။