မြန်မာနိုင်ငံအတွင်းယခင်က ထက်စာလျှင် တရုတ်နိုင်ငံအတွက်
နေရာမှာ နည်းသည်ထက်နည်း သွားခြင်းက တရုတ်နိုင်ငံအတွက် သတင်းဆိုးတစ်ခုမဟုတ်ကြောင်း တရုတ်ပြည်သူ့ကွန်မြူနစ်ပါတီပိုင် People’s Daily သတင်းစာက တာဝန်ရှိသူတစ်ဦးဖြစ်သူညွှန်ကြား
ရေးမှူးချုပ် Mr Cao Huan Rong မှ ပြောကြားသွားသည်။
“ကျွန်တော်တို့သတင်းစာဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအကြောင်းကို
ရေးရင်အပြုသဘောဆောင်ပြီး အကောင်းမြင်တဲ့ဘက်ကပဲရေးပါတယ်။ ဖွံ့ဖြိုးဆဲဆိုတာနဲ့ သူနိုင်ငံ ရဲ့ စစ်ပွဲတွေ၊ အခက်အခဲ၊ ဒုက္ခ တွေကို အမြန်ဆုံးပြေငြိမ်းဖို့ကို ရည်ရွယ်ပြီးတော့ကို ရေးသားပါ တယ်။
မြန်မာသမ္မတကြီးဦးသိန်းစိန် ပြောခဲ့တဲ့ နိုင်ငံတော်အနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်မယ်ဆို တာနဲ့ ခြစား မှုတွေကို တိုက်ဖျက်မယ်ဆိုတာတွေကိုလည်း တရုတ် နိုင်ငံအနေနဲ့ ကြိုဆိုပါတယ်။ ဦးသိန်းစိန်ဦးဆောင်ပြီး သယံဇာတ ပေါကြွယ်ဝတဲ့ ဒီလိုနိုင်ငံကြီးမှာ ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်နေတဲ့အတွက် တရုတ် ဟာမြန်မာနိုင်ငံထဲမှာ နေရာနည်း သထက်နည်းသွားပါပြီ။ ဒါဟာ တရုတ်နိုင်ငံအတွက် သတင်းဆိုး တစ်ခုမဟုတ်ပါဘူး။ တရုတ်နိုင်ငံ အနေနဲ့လည်း မြန်မာနိုင်ငံအပေါ် အတ္တမရှိ၊ ဖောက်ပြန်မယ့်စိတ်လုံး ၀မရှိပါဘူး”ဟု Mr. Cao Huan Rong မှ ပြောကြားသွားသည်။
တရုတ်ကွန်မြူနစ်ပါတီပိုင် People ‘s Daily စသည်ဂျာနယ် နှင့် သတင်းစာ ၂၅ မျိုးထုတ်ဝေ ပြီး နိုင်ငံ၌ အင်အားအကြီးဆုံးဖြစ်ကာ နေ့စဉ်စောင်ရေ ၂၈ သိန်းရှိ ပြီး ၂၀၁၃ နှစ်လယ်လောက်၌ သိန်း ၃၀ ထိရောက်လာနိုင်ကြောင်း ယင်းကခန့်မှန်းပြောဆိုသည်။
အဆိုပါ People ‘s Daily သတင်း စာအနေဖြင့် ဌာနခွဲ ၃၂ ခုနှင့် ပြည်ပဌာနခွဲ ၄၀ ကျော်ရှိပြီး ဂျပန်၊ အမေရိကန်နှင့် ဥရောပ တိုက်များ၌ နေ့စဉ်စောင်ရေ ၃ သိန်းထိရှိ သတင်းစာအပြင် Online သတင်း Website လည်း ရှိကာ ကမ္ဘာပေါ်၌ New York Time Website ပြီးလျှင်အကြီးဆုံး Website တစ်ခုဖြစ်သည်။
ခန့်ခန့်(ဒဿနိက)
The Hot News
Credit : Here

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။