/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, February 11, 2013

.

နှစ် ၂ဝ ကျော် ပျောက်ကွယ်ခဲ့သည့် တက္ကသိုလ်အရန်တပ်ရင်း မော်လမြိုင်တက္ကသိုလ်တွင် ပြန်လည်ဖွဲ့စည်း


နှစ်ပေါင်း ၂ဝ ကျော် ပျောက်ကွယ်ခဲ့သည့် တက္ကသိုလ်အရန်တပ်ရင်းအား ပြန်လည်ဖွဲ့စည်းခဲ့ရာ မော် လမြိုင်တက္ကသိုလ်မှ ကျောင်းသား ၁၁ဝ ဦး တက်ရောက်ပြီး အခြေခံစစ်ပညာသင်ကြားခဲ့ကြောင်း ၄င်းတက္ကသိုလ်မှ သိရသည်။

ပညာရေးဝန်ကြီးဌာန၊ အဆင့် မြင့်ပညာ ဦးစီးဌာန၊ အောက် မြန်မာပြည်၊ ၂ဝ၁၂-၂ဝ၁၃ ပညာ သင်နှစ်၊ တက္ကသိုလ် တပ်ဖွဲ့ဝင် ကျောင်းသားများအား အခြေခံစစ် ပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက် နေ့က မော်လ မြိုင်တက္ကသိုလ်ပင်မဆောင် အခန်း ၁၅ ၌ ပြုလုပ်ကြောင်း သိရသည်။

တက္ကသိုလ် အရန်တပ်ရင်း အမှတ်(၁)ကို ရန်ကုန်၊ အမှတ်(၂) ကို မန္တလေး၊ အမှတ်(၃) ကိုမော်လမြိုင် တို့တွင်လည်းကောင်း စတင်ဖွဲ့ စည်းခဲ့ကြောင်း၊ ၁၉၈၇ -၁၉၈၈ ခု နှစ်အထိ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ၁၉၈၈ ခုနှစ် အရေးအခင်း ကာလက စတင်ပြီး အဆက်ပြတ်သွားကြောင်း၊မော်လမြိုင်အနေဖြင့် တပ်ဖွဲ့ဝင် ၅၁၈၄ ဦးကို အခြေခံစစ်ပညာ သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ပထမအကြိမ် တက်ရောက် သော သင်တန်းသားများမှာ မော်လမြိုင် တက္ကသိုလ် ဘာသာရပ် ပေါင်းစုံမှ တတိယနှစ်ကျောင်းသား ၁၁ဝ ဦးဖြစ်ပြီး သင်တန်းကိုဖေဖော် ဝါရီ ၅ ရက်နေ့မှစတင်ပြီးတစ်ပတ်လျှင် ငါးရက် ၁၆ပတ် တက်ရောက် ရမည်ဖြစ်ကြောင်း သိရသည်။

Popular Myanmar News Journal

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။