ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းအား ကျန်းမာရေးစစ်ဆေးရာတွင် နှလုံးရောဂါတွေ့ရှိသဖြင့် အနားယူရန် လိုအပ် သည်ဟု ဆရာဝန်ကြီးများက ညွှန်ကြားထားကြောင်း ၀ိတိုရိယဆေးရုံမှ Chief Operation Officer ဦးလောရင့်ကပြောသည်။
“အီးစီဂျီရိုက်ကြည့်တော့ နှလုံးသိပ်မကောင်းဘူး။ နောက်နှလုံးကို စီတီရိုက်ကြည့်တော့ နှလုံးသွေးကြော ကျဉ်းတာရှိတယ်။ ဆရာဝန်ကြီးက အကြံပြုတာက အနားယူသင့်တယ်။ သတိထားရမယ်။ ဆေးထပ်ပြီး ကုရမယ်”ဟု ဦးလောရင့်ကပြောသည်။
ဝန်ကြီးဦးအောင်မင်းမှာ ယခင်ကပင် ရင်ဘတ်အောင့်ဖူးပြီး အခုရက်ပိုင်းအတွင်း မကြာခဏ ရင်ဘတ်အောင့်လာပြီး နေထိုင်မကောင်းသဖြင့် ဆေးစစ်ကြည့်ရာမှ နှလုံးသွေးကြောကျဉ်းသည်ကို သိရှိရကြောင်း ၀န်ကြီးဦးအောင်မင်း၏ ကိုယ်ရေးအရာရှိ ကိုဝေဖြိုးအောင်ကပြောသည်။
“မနေ့က (ဇန်န၀ါရီ ၁၃ ရက်) တစ်ရက်ပဲ နားလိုက်တယ်။ ဒီနေ့ ရုံးပြန်တက်နေပြီ။ ဆရာဝန်က နားဖို့ပြောပေမယ့် အလုပ်ကနားလို့မှ မရတာ”ဟု ကိုဝေဖြိုးအောင်ကပြောသည်။
ထို့ကြောင့် မကြာမီ ဆွေးနွေးမည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)နှင့် ဆွေးနွေးပွဲသို့ ၀န်ကြီးဦးအောင်မင်း တက်ရောက်လိမ့်မည်ဟု မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ အပစ်အခတ်ရပ်စဲရေးဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးကပြောသည်။
ဝန်ကြီးဦးအောင်မင်းမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်နိုင်ခဲ့ပြီး ကေအင်န်ယူနှင့်နီးစပ်သော ၀န်ကြီးဖြစ်သော်လည်း ဇန်န၀ါရီ ၁၂ ရက်က ပြုလုပ်သည့် ကရင်နှစ်သစ်ကူးပွဲတော်သို့ တက်ရောက်နိုင်ခြင်းမရှိပေ။
www.MyanmarExpress.net
.jpg)
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။