/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, January 11, 2013

.

မြန်မာသမ္မတကို ပြုပြင်ပြောင်းလဲရေးသမားဟု တိုင်းမ်မဂ္ဂဇင်းဖော်ပြ


မကြာမီက မြန်မာနိုင်ငံသို့ လာရောက်ကာ သမ္မတဦးသိန်းစိန်ကို တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သော တိုင်းမ်မဂ္ဂဇင်းက မြန်မာသမ္မတကို အစိုးရအတွင်းမှ ပြုပြင်ပြောင်းလဲရေးသမားဟု ဆောင်းပါးရေးသား ဖော်ပြခဲ့သည်။

တိုင်းမ်မဂ္ဂဇင်းဝက်ဘ်ဆိုက်တွင် တိုင်းမ်၏ တရုတ်ဗြူရိုအကြီးအကဲနှင့် အရှေ့အာရှရေးရာ သတင်းထောက်ဖြစ်သူ ဟန်နာဘိခ်ျ၏ The Regime's Inner Reformist: can Thein Sein Change Burma? ဟူသော ဆောင်းပါး၌ ယင်းသို့ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဆောင်းပါးတွင် မစ္စဟန်နာက သမ္မတဦးသိန်းစိန်ကို မြန်မာ၏ "ဂေါ်ဘာချက်ဗ်"ဟု ခေါ်ဝေါ်ထားခဲ့ပြီး ရုရှားသည် ဒီမိုကရေစီလမ်းကြောင်းသို့ လျှောက်လှမ်းနေရာတွင် တွန့်ဆုတ်နေသော်လည်း မြန်မာတွင်မူ မတူကွဲပြားသော လမ်းကြောင်းဖြင့် ဒီမိုကရေစီသို့ သွားနိုင်ရန် အခွင့်အရေးရှိနေကြောင်း ဖော်ပြထားသည်။

ဆောင်းပါးတွင် ယခင်စစ်အစိုးရခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြောင်းကိုလည်း ဖော်ပြထားပြီး သမ္မတဦးသိန်းစိန်၏ အနီးကပ်လူတစ်ဦး၏ အပြောကိုလည်း ကိုးကားဖော်ပြထားသည်။ အမည်မဖော်ပြထားသည့် ယင်းပုဂ္ဂိုလ်က "ဗိုလ်ချုပ်မှူးကြီးဟာ သူ့နောက်ဆုံးနေ့ရက်တွေကို နေအိမ်အကျယ်ချုပ်နဲ့ မကုန်ဆုံးချင်ပါဘူး။ သူက ဦးသိန်းစိန်ဟာ ပေးထားတဲ့ကတိအတိုင်း သူ့ကို ဂုဏ်သိက္ခာရှိရှိနဲ့ (နိုင်ငံရေးမြင်ကွင်းက) ပျောက်ကွယ်သွားစေဖို့ လုပ်ပေးနိုင်မယ်လို့ ယုံကြည်စိတ်ချခဲ့ပါတယ်"ဟု ဆိုသည်။

တိုင်းမ်ကလည်း ဦးသိန်းစိန်သည် ၎င်း၏ ယခင်အကြီးအကဲဟောင်းနှင့် ပုံမှန်စကားပြောဖြစ်ခြင်းမရှိကြောင်း ၎င်းတို့ကို ပြောသည်ဟု ရေးသားထားသည်။

ဟန်နာဘိခ်ျ၏ အထက်ပါဆောင်းပါးတွင် မြန်မာတွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ခဲ့သော်လည်း လက်ပံတောင်းတွင် သံဃာများအား အကြမ်းဖက်ဖြိုခွဲခဲ့မှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးအတွက် ဥပဒေများ ပြဋ္ဌာန်းနိုင်မှု၊ ကချင်စစ်ပွဲ၊ ရခိုင်ပဋိပက္ခတို့က မြန်မာအတွက် အဓိကစိန်ခေါ်မှုများအဖြစ် ရှိနေဆဲဖြစ်ကြောင်း ထောက်ပြထားသည်။

-Ref: Time

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။