/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, January 24, 2013

.

ဦးအောင်သောင်းနှင့်ပတ်သက်သောသတင်းမှာ တမင်ဂုဏ်သိက္ခာကျဆင်းအောင် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်ဟုဆို

၁၈-၁-၂၀၁၃ ရက်နေ့တွင် အင်တာနက်သတင်းများ ၌တွေ့ရှိရသည့် မိန်းကလေးတစ်ဦးကို အလိုမတူပဲ ဦးအောင်သောင်းမှ မယားငယ်ပြုထားခြင်းဆိုသော သတင်းနှင့်ပတ်သက်၍ ဦးအောင်သောင်းနှင့် ပတ်သက်သော အသိုင်း အ၀ိုင်းမှလူများကို မေးမြန်း စုံစမ်းကြည့်ရာ ``ဦးအောင်သောင်းက သူ့ရဲ့ဂုဏ်သိက္ခာကို အင်မတန်တန်ဖိုးထားတဲ့ သူတစ်ယောက်ပါ ဒီလိုအလုပ် မျိုးကို ဘယ်သောအခါမှ လုပ်မယ့်သူမျိုးမဟုတ်ဘူးဆိုတာ ယုံကြည်ပါတယ်။ သူ့မှာ ၀န်ကြီးဘ၀တုန်းကရော လက်ရှိ ပြည်ခိုင်ဖြိုးမှာရော တာဝန်ထမ်းဆောင်ချိန်မှာ များပြားလှတဲ့တာဝန်တွေကို ထမ်းဆောင် နေရတဲ့အတွက် ဒါတွေကို စိတ်ထဲထည့်ချိန်တောင်ရှိမှာမဟုတ်ပါဘူး ဒီ သတင်းဟာ သူ့ကို ဂုဏ်သိက္ခာကျဆင်းအောင်၊ အရှက်ရစေအောင် တမင်ဖန်တီးလုပ်ဆောင်တာပဲ ဖြစ်ပါ လိမ့်မယ်´´ဟု ဦးအောင်သောင်းနှင့်နီးစပ်သူ တစ်ယောက်က ပြောသည်။

တောင်သာသားတစ်ဦးကမူ ``ဒါ ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စပါ၊ ဒီသတင်းကို သေချာဖတ်ကြည့်ရင် သတင်းအလိမ်ကြီး ဆိုတာထင်ရှားပါတယ်။ မယားငယ်နဲ့ရတဲ့ကလေးကို ရန်ကုန်အိမ်မှာထားတယ် ဆိုကတည်းက အလိမ်ကြီးမှန်း သိသာလွန်းပါတယ်။ ဘယ့်နှယ်ဗျာ ရန်ကုန်အိမ်မှာဆိုရင် တစ်နေ့တစ်နေ့ကို လူပေါင်း သောင်းခြောက်ထောင် ၀င်ထွက် သွားလာနေတာ၊ ဒီကလေးကို တစ်ယောက်မဟုတ်တစ်ယောက် သတိထားမိမှာပဲ သတိထားမိလို့ သံသယဖြစ်လာရင် ဒီလောက်တောင်ကြာမှာမဟုတ်ဘူး အစောကြီး ကတည်းက သတင်းထွက်လာမှာပဲ၊ သူ့မိသားစုကရော ဒီကလေးကို လက်ခံထားပါ့မလား၊ ဒါသာမှန်ရင် မိသားစုပြိုကွဲသွားတာကြာလှပြီ။ နောက်တစ်ခုက မအေးမို့မို့လှိုင်က (၁၀)နှစ်ကြာ ပျောက်ဆုံးနေလို့   ပြည်ခိုင်ဖြိုးဥက္ကဋ္ဌကို တိုင်မလို့တဲ့၊ ပျောက်ပျောက်ချင်းတုန်းကတော့မတိုင်ပဲနဲ့ ခုကျမှတိုင်မလို့လား၊ ကာယ ကံရှင်မိန်းကလေးကရော အလိုမတူပဲယူထားရတာဆိုရင် တစ်နည်းနည်းနဲ့ ကိုယ့်ဆွေမျိုးအသိုင်းအ၀ိုင်းကို အကြောင်းမကြားဘူးလား၊ ပြီးတော့ ကိုယ့်နဲ့ ရထားတဲ့ကလေးကို ကိုယ့်ဆီမထားပဲနဲ့ ရန်ကုန်အိမ်ပို့ထား တာကို အမေ ဖြစ်သူက ဒီတိုင်းထိုင်ကြည့်နေလား၊ ဒါ တစ်ယောက်ယောက်က တမင်ချောက်ချ တာပဲဖြစ်မယ်၊ ကျွန်တော်တို့ တောင်သာ တစ်နယ်လုံးကတော့ ဒီသတင်းကို ဘယ်လိုမှလက်မခံနိုင်ဘူး။ ကျွန်တော်တို့တစ်နယ်လုံးက ဦးအောင်သောင်းကို ချစ်ခင် လေးစားဆဲ နောင်လည်းပဲ ဘယ်လို ကိစ္စကြောင့်ဖြစ်ဖြစ် ချစ်ခင်လေးစားမှုက လျော့သွားမှာမဟုတ်ဘူး´´ ဟုပြောသည်။

ဒါတွေကို သုံးသပ်ကြည့်မယ်ဆိုရင် လူတစ်ယောက်မှာ ချစ်ခင်သူရှိသလို မုန်းသူလဲရှိမှာအမှန်ဖြစ်သည်။ သို့သော် ကိုယ့်ရဲ့ အာဃာတကြောင့် သူတစ်ပါးကို အရှက်တကွဲအကျိုးနည်းဖြစ်အောင်လုပ်တာ ကတော့။ အောက်တန်းကျလွန်းသည်ဟု ထင်ပါသည်။ နောင် ဒါမျိုးတွေဆက်လုပ်မည်ဆိုလျှင်လည်း မည်သည့်အကျိုး သက်ရောက်မှုမျှရှိမည်မဟုတ်ပဲ အမှန် တရားကိုဖော်ထုတ်သူများ၊ အမှန်တရားကို သိထားသူများ၏ လှောင်ပြောင်ခြင်းကိုသာ ခံရမည်ဖြစ်သည်။ နယ်သူနယ်သား အားလုံးကလည်း အမှန်တရားဖက်မှသာ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိစေလိုသည်။

ဦးအောင်သောင်း ဆောင်ရွက်ပေးခဲ့သော ဖွံ့ဖြိုးရေးလုပ်ငန်းများ တောင်သာတစ်နယ်လုံးတွင် လက်ညှိုးထိုး မလွဲရှိသည်။ ဒါတွေ ဆောင်ရွက်ပေးခဲ့လို့လည်း နယ်သူနယ်သားအားလုံးက ချစ်ခင်အားကိုး ကြခြင်းဖြစ်သည်။ မည်သည့်အခါကမျှ၊ မည်သူမျှ ဆောင်ရွက်ပေးနိုင်ခြင်းမရှိခဲ့ဖူးသော လုပ်ငန်းများဆောင် ရွက်ပေးခြင်းသည် တော်ရုံတန်ရုံအရည်အချင်းနှင့် မဖြစ်နိုင် ဆိုတာကို ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သက်သေပြဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ သူ့ထက်မဆိုထားနှင့် သူနှင့်တူသူပင် မရှိနိုင်ပါ။ ဒီသတင်းတင်သူသည် ဒါတွေကို မသိမဖြစ်နိုင်ပါ၊ သိပါလျက်နှင့် ဤသို့လုပ်ဆောင်ခြင်းသည် လူသား မဆန်သောလုပ်ဆောင်မှု၊ အမှန်တရားကိုလက်မခံနိုင်မှု၊ မိမိ၏အာဃာတကိုရှေ့တန်းတင်မှုနှင့် မင်းသားကြီးမလုပ်ရလျင် ပတ်မကြီးထိုးဖောက်မယ်ဟူသော နိမ့်ကျသည့်အတွေးအခေါ် အယူအဆများဖြင့်သာ လုပ်ဆောင်ခြင်းဖြစ်သည်ဟု သုံးသပ် ရရှိကြောင်း တင်ပြလိုက်ရပါသည်။

ဆင်တဲဝသား

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။