/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Sunday, December 2, 2012

.

ရန်ကုန်တိုင်းဒေသကြီးအတွက် ငွေကျပ်တစ်သိန်းခွဲအောက် GSM ဖုန်းအလုံးရေတစ်သန်း ချပေးသွားမည်

၂၀၁၃ ဇန်န၀ါရီလတွင် ထွက်ရှိလာမည့် တစ်သိန်းခွဲအောက် GSM တန်ဖိုးနည်း ဖုန်းများကို ရန်ကုန်တိုင်းဒေသကြီးအတွက် အလုံးရေတစ်သန်းခန့်ချထားပေးသွား မှာဖြစ်တယ်လို့မြန်မာ့ဆက် သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး၏ပြောကြား ချက်အရ သိရ သည်။ “အခုလိုချထားပေးရာမှာ လည်း ရန်ကုန်တိုင်းဒေသကြီးမှာ တင်မကဘဲ မန္တလေးတိုင်းဒေသကြီး မှာတော့ ဖုန်းလိုင်း (၂) သိန်းနဲ့ မော်လမြိုင်နဲ့ ဖားအံတို့မှာတော့ ဖုန်းလိုင်းခြောက်သောင်းခန့်တပ် ဆင်ပေး သွားမှာဖြစ်ပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးမှပြောကြားခဲ့ သည်။

အဆိုပါတန်ဖိုးနည်းဖုန်းများ တပ်ဆင်မှုကိုတော့ယခုနှစ်အတွင်း အပြီးပြုလုပ်သွားနိုင်ရန်အတွက် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်ပကုမ္ပဏီ (၃) ခုဖြစ်သောHawei၊ ZTE နှင့် ASBတို့နဲ့လည်း စာချုပ်ချုပ်ဆို ထားကြောင်း သိရ သည်။

http://www.hotnewsweekly.com/archives/14470

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။