/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, November 12, 2012

.

အပစ်အခတ် ရပ်စဲရေး စာရင်း မသွင်းခဲ့တဲ့ TSLF ကိုပါ တရားဝင် ဖိတ်ခေါ်လာ

တအာင်း (ပလောင်) ပြည် လွတ်မြောက်ရေး တပ်ဦး (TSLF) အဖွဲ့နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းမှု ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဌ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော အဖွဲ့တို့သည် နိုဝင်ဘာ (၁၀) ရက်နေ့ ညနေ (၃) နာရီ အချိန်တွင် ထိုင်းနိုင်ငံ ဇင်းမယ်မြို့၌ တွေ့ဆုံပြီး အပစ်အခတ် ရပ်စဲရေးကို ပန်ကြား သွားသည်ဟု TSLF ဥက္ကဌ ဖြစ်သူ မိုင်းအိုက်ဖုန်းက ပြောပါသည်။

“ကျနော်တို့ကို ဖုန်းဆက်ခေါ်တော့ သွားလိုက်ရတယ်။ ဘာမှပြင်ထားတာ မရှိပါဘူး။ ဟိုရောက်တော့ ဦးအောင်မင်းက သူ များတွေ အပစ်အခတ် ရပ်စဲရေး ယူထားကုန်ပြီးဆိုတော့ ကျနော်တို့ကလဲ အပစ်အခတ် ရပ်စဲရေးယူဖို့ ပြောသွားတာ ဖြစ်ပါ တယ်။ ပြင်ဆင်ချိန် မရခဲ့လို့ ကျနော်တို့ဘက်က အဖြေမပေးနိုင်သေးဘူး။ ဒါဘဲ ပြောလိုက်တယ်။” ဟု ဆိုပါသည်။

TSLF ဥက္ကဌ မိုင်းအိုက်ဖုန်းနှင့် အဖွဲ့ဝင် တစ်ဦးသည် ဦးအောင်မင်းတို့ အဖွဲ့ဝင် (၆) ဦးနှင့် နိုဝင်ဘာ (၁၀) ရက်နေ့ ညနေ (၃) နာရီမှ (၄) နာရီအထိ တွေ့ဆုံ ဆွေးနွေး ခဲ့ခြင်း ဖြစ်ပါသည်။

အပစ်အခတ် ရပ်စဲရေးသည် ပလောင်ပြည် လွတ်မြောက်ရေး တပ်ဖွဲ့ (PSLA) အဖွဲ့တို့နှင့် ၁၉၉၁ ခုနှစ်တွင် ရယူခဲ့ပြီး ဖြစ်ပါ သည်။ ထိုအဖွဲ့သည် ၂၀၀၅ ခုနှစ်တွင် အစိုးရထံ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခဲ့ရပါသည်။ ဤသို့ ကြောင့် TSLF အဖွဲ့အနေဖြင့် နောက်ထပ် အပစ်အခတ် ရပ်စဲရန်မှာ ဆင်ချင် သုံးသပ် နေရသည်ဟု ဆိုပါသည်။

TSLF အဖွဲ့တို့သည် အပစ်အခတ် ရပ်စဲရေး ကိစ္စထက် တိုင်းရင်းသားတို့၏ နိုင်ငံရေး ပြသနာကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး ပြီးအဖြေရှာရေးကိုသာ ဦးစားပေး လုပ်ဆောင်သွားရန် ဆန္ဒရှိပါသည်။ အပစ်အခတ် ရပ်စဲရေးသည်လည်း တအာင်းလူမျိုးတို့ အတွက် PSLA အဖွဲ့တို့က လုပ်ဆောင်ပေးခဲ့ပြီး ဖြစ်ပါသည်။ PSLF သည် အစိုးရ၏ အကြပ်ကိုင်မှုကို ခံခဲ့ရပြီး နောက်ဆုံး၌ လက်နက် ချခဲ့ရပါသည်။ ဤကဲ့သို့ အနိုင်ကျင့်ထားသော သင်ခန်းစာကို TSLF အဖွဲ့အနေနှင့် မေ့နိုင်မည် မဟုတ်သေးပေ။

အလွတ်သဘော တွေ့ဆုံမှုသာ ဖြစ်သောကြောင့် မည်သည့် သဘော တူညီချက်များ မရှိခဲ့ပေ။ နောက်ထပ် တွေ့ဆုံမည့် ရက်ချိန်းများလည်း သတ်မှတ်ထားခြင်း မရှိပေ။ လိုအပ်ပါက တွေ့ဆုံ ဆွေးနွေးနိုင်ရန် ဖုန်းနံပါတ်နှင့် နေရပ် လိပ်စာများကိုသာ ပေးထားခဲ့ပါသည်။

TSLF ဒေသ၌ ပြီးခဲ့သည့် သြဂုတ်လမှစ၍ အစိုးရက တပ်အင်အားကို (၁၆) တပ်ရင်းအထိ တိုးချဲ့ချ ထားရာမှ ဤရက်ပိုင်း အတွင်း၌ပင် တပ်အင်အား (၂၆) ရင်းအထိ (၁၀) ရင်း ထပ်မံ တိုးချဲ့ ချထားပြန်ကြောင်း တအာင်း(ပလောင်) ဖက်က ဆိုပါ သည်။

ထို့အပြင် ဤတွေ့ဆုံ ဆွေးနွေးပွဲ မတိုင်ခင် တစ်ရက် အလို၌လည်း အစိုးရတပ်မှ တပ်အင်အား (၃) ရင်းဖြင့် TSLF တပ်စခန်း တစ်ခုကို တိုက်ခိုက် သိမ်းပိုက် ခဲ့ပါသည်။

ဤနည်းသည် TSLF ကို တဘက်တွင် စစ်အင်အားဖြင့် ထိုးစစ်ဆင် ပြုလုပ်နေပြီး အခြားတဘက်၌ အပစ်အခတ် ရပ်စဲရေး ရယူရန် ဖိအားပေး လုပ်ဆောင်ခဲ့သည့် နည်းဖြစ်သည့် အပြင် မူးရစ်ဆေးမှောင်ခို လမ်းကြောင်း အပေါ် လွှမ်းမိုးလာသော ပလောင်တို့ကို တိုက်ခိုက် လိုက်ခြင်းလည်း ဖြစ်ပါသည်။ http://phophtaw.org/burmese/index.php/news/local-news/2340-2012-11-10-07-24-55.html

TSLF သည် အပစ်မရပ် ရသေးသော ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် လည်းကောင်း၊ အပစ်ရပ်သော်လည်း အပစ်အခတ် ပြသနာ တက်နေဆဲဖြစ်သော ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)နှင့်လည်းကောင်း၊ စစ်မဟာမိတ် ဖြစ်နေကြပြီး စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) အဖွဲ့ဝင် မဟာမိတ်လည်း ဖြစ်ကြပါသည်။ သို့သော်လည်း ကျန်ရှိနေသေးသည့် အပစ် မရပ်ရသေးသော UNFC အဖွဲ့ဝင် (၄) ဖွဲ့ကိုမူ တစုံတရာ ဆွေးနွေးရန် မရှိသေးဟု ဆိုကြပါသည်။

ဤသို့ကြောင့် အပစ် မရပ်ရသေးသော် အဖွဲ့များထဲမှ စစ်ရေး အရှိန်မြင့်လာသော တအာင်းခေါ် ပလောင်အဖွဲ့ကို အစိုးရဖက် က အလေးထား လာဖွယ် ရှိသဖြင့် အပစ်ရပ်ရေးကို ကမ်းလှမ်း လာခြင်း ဖြစ်သည်ဟု စစ်ရေး လေ့လာသူများက သုံးသပ်ပါ သည်။

အစိုးရသည် တိုင်းပြည် ငြိမ်းချမ်းရေး အတွက် ကချင်လွတ်လပ်ရေး(KIO) အဖွဲ့တဖွဲ့သာလျှင် အပစ်ရပ်ရန် ကျန်တော့ ကြောင်း၊ လွှတ်တော်၊ ပြည်တွင်း မီဒီယာများနှင့် နိုင်ငံတကာများတွင် ထုတ်ဖေါ် ကြွားဝါလေ့ ရှိပါသည်။ လက်တွေ့၌မူ တပြည်လုံး အပစ်အခတ် ရပ်စဲရေးကို တဖက်သတ် မကြေငြာရဲဘဲ သွေးခွဲ အုပ်ချုပ်ရေးနည်း စနစ်အတိုင်း အပစ်အခတ် ရပ်စဲရေးကိုပါ သွေးခွဲပြီး အသုံးချ နေကြောင်း ထင်ရှားလှပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2346-----tslf---.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။