/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, August 6, 2012

.

ဦးအောင်သိန်းလင်း အား ကြံ့ခိုင်ရေး ပါတီ ရန်ကုန်တိုင်း တာဝန်ခံ အဖြစ် မှ ရပ်နား

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းကို ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ အဖြစ်မှ ရပ်စဲလိုက်ကြောင်း ယနေ့  ကျင်း ပသည့် ပါတီတွင်း အစည်း အဝေး တစ်ခု တွင် တရား ၀င် ထုတ် ဖော်ပြောကြား လိုက်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ရန်ကုန်တိုင်း တာဝန်ခံ ရာထူးအား ယခင် ရန်ကုန် မြို့ တော် ၀န် ဟောင်း ဦးအောင်သိန်းလင်းထံမှ ဦးမောင်မောင်သိမ်း က လွှဲပြောင်းရယူ သည် ဟု ကြံ့ခိုင်ရေး ပါတီ ရန်ကုန် တိုင်း စည်းရုံးရေး အဖွဲ့  ၀င် တစ်ဦး ဖြစ်သူ ကိုအောင်လင်းဇော်က ပြောသည်။

ဦးအောင်သိန်းလင်း သည် တရုတ် နိုင်ငံ ၏ သတင်း တစ်စောင် ဖြစ်သော Southern Weekend Chinaနှင့် မေးမြန်းမှု တွင် သမ္မတ ဦးသိန်းစိန် ၏ အမိန့် ဖြင့် ရပ်တန့် ထား သည့် မြစ်ဆုံ ရေကာ တာ ကို ပြန်လည် စတင် မည် ဟု ပြော ကြား မှု ၊ အမျိုး သား ဒီမိုကရေစီ အဖွဲ့ ချုပ် ကို ထောက်ခံ သူများ သည် အရူးများ သာ ဖြစ် ကြောင်း ပြော ကြား ခဲ့ ခြင်း ကြောင့် ဆန္ဒပြ ကန့် ကွက် ရန် စီစဉ် မှု များ ၊ သူလွှတ် တော် အမတ် အဖြစ် ရွေးချယ် ခံ ခဲ့ ရသည့် တောင်ဥက္ကလာ ပ မြို့ နယ် နေ သူများက ဆန္ဒပြကန့် ကွက် ရန် လည်း စီစဉ် ခဲ့ ကြသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။