/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, August 29, 2012

.

ဒေါ်အောင်ဆန်းစုကြည်ကို "ကုလား မယား စုကြည်" ဟု ဆိုင်းဘုတ် ထောင် ဆန္ဒပြခဲ့သည့် ရခိုင်တိုင်းရင်းသား ဒေါ်စောမြရာဇာလင်း ကို တော့ သောင်းသောင်းဖျဖျကြိုဆို


ဒေါ်အောင်ဆန်းစုကြည်ကို "ကုလား မယား စုကြည်" ဟု ဆိုင်းဘုတ် ထောင် ဆန္ဒပြခဲ့သည့် ရခိုင်တိုင်းရင်းသား ဒေါ်စောမြရာဇာလင်း ကို တော့ သောင်းသောင်းဖျဖျကြိုဆို ခဲ့ကြကြောင်း သတင်းရရှိသည်။

ရခိုင်အမျိုးသမီးအစည်းအရုံးဥက္ကဌနှင့် ALP(ရခိုင်ပြည်လွတ်မြောက်ရေးပါတီ) ၏ထိပ်တန်းခေါင်းဆောင် တစ်ဦး ဖြစ်သူ ဒေါ်စောမြရာဇာလင်းသည် ၂၇ သြဂုတ် နေ့လည် ဆယ့်နှစ်နာရီကျော်ကျော် ခန့်တွင် စစ်တွေ ဘုတ်ဆိပ်သို့ ရွှေနဒီ အမြန်ယာဉ်ဖြင့် ဆိုက်ရောက်လာရာ စုစုပေါင်းအရေအတွက် ခြောက်ရာခန့်ရှိသော ရခိုင်အမျိုးသား အမျိုးသမီးများ၊ သံဃာတော်များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက စစ်တွေဘုတ်ဆိပ်တွင် လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်။



မြန်မာနိုင်ငံတွင် ကားပေါ်တွင် အမျိုးသမီး ပါလာပြီး မိုက်ကရိုဖုန်းကိုင်ကာ စကားပြောတတ်၊ လူအများက ဝိုင်းကြည့်တတ်တာ ယခင်က ဒေါ်အောင်ဆန်းစုကြည် တစ်ဦးသာ ရှိခဲ့ပေမယ့် အခုတော့ ဒေါ်စောမြရာဇာလင်းက ဒေါ်အောင်ဆန်းစုကြည်ထက် သာသွားပြီဖြစ်သည်။



ဒေါ် စောမြရာဇာလင်းကို သောင်းသောင်ဖျဖျကြိုဆိုခဲ့ကြသော ရခိုင်တိုင်းရင်းသားများသည် ဒေါ်အောင်ဆန်းစုကြည် ဥရောပမှ ပြန်လာချိန်တုန်းကတော့ "ကုလား မယား စုကြည်" ဟု ဆိုင်းဘုတ်တွင် ရေးသားကာ ဆန္ဒပြခဲ့ကြသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။