မြန်မာလူမျိုးစစ်စစ်များက ကိုယ့်နိုင်ငံ သမ္မတကြီးကို အပြစ်တင် ဝေဖန် စောင်းမြောင်း ထိခိုက်ပြောဆိုခြင်းများ ရှိနေပေမယ့်လည်း နိုင်ငံခြားသား ဝန်ကြီးချုပ် တစ်ဦးကတော့ ၎င်းရဲ့ facebook မှာ မြန်မာ သမ္မတကြီး ဦးသိန်းစိန် ဓာတ်ပုံကို Cover အဖြစ် ထိပ်ဆုံးမှာ တင်ထားတာကို တွေ့ရပါတယ်။ နေ့စဉ်နှင့်အမျှ လူပေါင်းများစွာနဲ့ တွေ့နေရတဲ့ ရင်လတ်ဟာ အခြားသူများနဲ့ တွေ့ဆုံများ ကို facebook ပေါ်မှာ သတင်းအဖြစ်သာ တင်ထားပြီး မြန်မာသမ္မတကြီးနဲ့ တွေ့ဆုံမှုကိုတော့ cover မှာ တင်ထားပါတယ်။
ထိုင်းနိုင်ငံဝန်ကြီးချုပ်ရဲ့ facebook ကတော့ http://www.facebook.com/Y.Shinawatra ဖြစ်ပါတယ်။
၎င်း facebook ကို ကြည့်ခြင်းဖြင့် မြန်မာများအတွက် ဂုဏ်ယူစရာ ဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်ရဲ့ သမ္မတကြီးအပေါ်သဘောထား ကိုလည်း သိရှိနိုင်ကြမှာဖြစ်ပါတယ်။ ပြည်တွင်း၊ ပြည်ပမှ သမ္မတကြီးအပေါ် မနာလိုစိတ်များဖြင့် photoshop ဖြင့် သမ္မတကြီး ဓာတ်ပုံကို အမျိးမျိုး လုပ်နေသူများ၊ ကာတွန်းဆွဲနေသူများ ဓာတ်ပုံ မတင်နိုင်ကြသူများအတွက်လည်း သံဝေဂယူစရာတစ်ခု ဖြစ်ပါတယ်။

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။