စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင် ၅၀ ကျော်ပါဝင်သည့် အဖွဲ့နှင့် အဆိုပါမူးယစ်မှောင်ခိုတို့ ထိပ်တိုက်တွေ့ကာ တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဒေသစံတော်ချိန် ယနေ့နံနက် ၅း၃၀ ခန့်တွင် လက်နက်များ ကိုင်ဆောင်ထားသော လူ ၁၂ ဦးပါဝင်သည့် အဖွဲ့တစ်ဖွဲ့အား ခြေရာခံမိခဲ့ပြီးနောက် ၎င်းတို့အား ဝိုင်းပ တ်ပိတ်ဆို့ကာ အဖမ်းခံ ရှာဖွေရန် ပြောကြားခဲ့သော်လည်း ငြင်းဆန်ခဲ့ပြီးနောက် ၁၅ မိနစ်ကြာ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
ချင်းရိုင်းမြို့(Chiang Rai) အတွင်း မယ်ဆိုင်(Mae Sai) တွင် ဖြစ်ပွားခဲ့သော အဆိုပါဖြစ်ရပ်တွင် သေဆုံးသူ မူးယစ်မှောင်ခို ၈ ဦးနှင့်အတူ မက်သ်ဖီတမင်း (methamphetamine) ခေါ် ရာဘ (yaba) ဆေးပြား ၅၅၀,၀၀၀၊ မက်သ်ဖီတမင်း ဆေးပြားမလုပ်ရသေးသော crystal methamphetamine ခေါ် ice ကီလိုဂရမ် ၇၀ ကို သိမ်းဆည်းရမိပြီး တန်ဖိုးအားဖြင့် ထိုင်းဘတ်ငွေ သန်း ၅၀၀ ကျော်ရှိကြောင်း သိရှိရသည်။ သေဆုံးသူများထံမှ ရိုင်ဖယ်သေနတ် ၃ လက်၊ ပွိုင့်တူးတူးပစ္စတို တစ်လက်တို့ကိုလည်း တွေ့ရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားကြောင်း Bangkok Post တွင် ဖော်ပြသည်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။