/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, July 25, 2012

.

ဦးသိန်းညွန့်၏ ရခိုင်ကိစ္စ လွှတ်တော်တွင်းဆွေးနွေးချက် ရိုဟင်ဂျာဆိုသူက ဖုန်းဆက်ခြိမ်းခြောက်


သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်၏ ရခိုင်ပဋိပက္ခ လွှတ်တော်တွင်းဆွေးနွေးပြောကြားမှုအပေါ် ၄င်း၏ပါတီရုံးသို့ ၄င်းကိုယ်ကိုယ် ရိုဟင်ဂျာဟုရည်ညွန်းသုံးစွဲခဲ့သူက သုံးကြိမ်တိုင်တိုင် ဖုန်းဆက်ခြိမ်းခြောက်မှုပြုလုပ်ခဲ့ကြောင်းပါတီတာဂန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါခြိမ်းခြောက်ပြောကြားသူသည် သင်္ဃန်းကျွန်းအခြေစိုက် ဦးသိန်းညွ့န်၏ အမျိုးသားဒီမိုကရေစီပါတီသစ်ရုံးသို့ ဇူလိုင်လ ၁၇ရက်နေ့ညနေ ငါးနာရီခွဲအချိန်ခန့်က တစ်ကြိမ် ဇူလိုင်လ ၁၉ရက်နေ့တွင် နှစ်ကြိမ် ဖုန်းဆက်ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။

" ဦးသိန်းညွန့်ရခိုင်ကိစ္စတင်တာကို လုံးဝကန့်ကွက်တယ်။ ခင်ဗျားတို့ပါတီက ရိုဟင်ဂျာမဲနဲ့ အနိုင်ရတာ။ အနိုင်ရထားတာဆိုပြီး ပြောတယ်။ အပြန်အလှန်ပြောပြီး ဖုန်းချသွားတယ်။ " ဟု ၄င်းကပြောသည်။

အဆိုပါ ဖုန်းဆက်ခြိမ်းခြောက်သူသည် ပထမအကြိမ်တွင် ရန်ကုန် ကုတ် ၀၁ ဖုန်းဖြင့် ဆက်ပြီး ဒုတိယနှစ်ကြိမ်တွင် လက်ကိုင်ဟန်းဖုန်းဖြင့် ဆက်သွယ်ခြင်းဖြစ်ကြောင်း ၄င်း၏ ပြောပြချက်အရသိရသည်။ ထို့်အပြင် ပါတီတာဝန်ရှိသူက ဦးသိန်းညွန့်လွှတ်တော်တွင်းဆွေးနွေးချက်သည် ပါတီ၏ မူဝါဒဖြစ်ပြီး သင်္ဃန်းကျွန်းတွင် မည်သည့်ရိုဟင်ဂျာမှမရှိကြောင်းပြောကြားသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။