/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, July 11, 2012

.

ဦးရွှေမန်းသို့ ဒေါ်အောင်ဆန်းစုကြည် အနီးကပ် လူများမှ သတိပေးစာ


ပြည်သူ့လွှတ်တော် ဥက္ကဌကြီး ဦးရွှေမန်းခင်ဗျား... ကျွန်ုပ်တို့၏ လူထုမိခင် အမေဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံပေါင်းစုံမှာ အစည်းအဝေးမျိုးစုံ၊ ဟောပြောပွဲမျိုးစုံ၊ လွှတ်တော်မျိုးစုံ တက်ခဲ့ဖူးပါတယ်။ ပွဲတိုင်းမှာလည်း ရှေ့ဆုံးတန်းမှ သော်လည်းကောင်း၊ စင်မြင့်ထက်မှသော်လည်းကောင်း နေခဲ့ရသူဖြစ်ပါတယ်။

အခု ဦးရွှေမန်း ရဲ့လွှတ်တော်ထဲရောက်မှ နောက်ဆုံးတန်းမှာ ထိုင်နေရပြီး ဘေးဘယ်ညာမှာ ယောင်္ကျားသားတွေနဲ့မို့ အကြပ်အတည်းဖြစ်နေရပါတယ်။ အသက် ၇၀ ပြည့်ခါနီး ပေမယ့် မျက်စိအလွန်အားကောင်းတဲ့ အမေစု ဟာ ဘယ်တုန်းကမှ မျက်မှန်မတပ်ခဲ့ဖူးရပဲ ဦးရွှေမန်းရဲ့ လွှတ်တော်နောက်ဆုံးတန်းမှာ ထိုင်ရတော့မှပဲ ရှေ့ဆုံးကို ဘာမှမမြင်ရတော့လို့ မျက်မှန်တပ်ထားရပါတယ်။

ယခုရက်ပိုင်းတွင် ထွက်လာသော သတင်းအချို့မှာ ၁ နှစ် မှာ ၈ လ လွှတ်တော်ခေါ်မယ်လို့ ဖတ်ရှုရပါတယ်။ ၁ နှစ် မှာ ၈ လ လုံး လွှတ်တော် နောက်ဆုံးတန်းမှာ ထိုင်ပြီး ရှေ့ကို မှုန်ဝါးဝါး ဆက်ကြည့်ရပါကာ အမေစု ရဲ့ မျက်စိအခြေအနေ မှာ စိုးရိမ်ဖွယ်ဖြစ်ပါသည်။






ဒေါ်အောင်ဆန်းစုကြည်ကို တကမ္ဘာလုံးက သာမန်လူတစ်ယောက်ထက် ပိုသော စံနှုံးဖြင့် တိုင်းတာထားပါသဖြင့် ဦးရွှေမန်းတို့ကလည်း သာမန် တိုင်းရင်းသား အညတြ လွှတ်တော် အမတ်တွေနဲ့ တန်းတူ ထိုင်ခိုင်းခြင်း၊ တန်းတူ ထမင်းစားခိုင်းခြင်း၊ တန်းတူ ရိပ်သာမှာ တည်းခိုခိုင်းခြင်း မပြုပါရန် သတိပေးလိုက်ပါသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။