/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, June 13, 2012

.

အယ်ခိုင်ဒါနှင့်ဆက်သွယ်မှုရှိကြောင်း မသင်္ကာမှုဖြင့် ဖမ်းဆီးထားသည့် UNHCR မှ ဒေါ်မြနန္ဒာအောင် ကို ပြန်လွှတ်ပေးလိုက်ပြီ



ယမန်နေ့ (၁၁.၆.၂၀၁၂)နေ့လည် ၁နာရီတွင် မောင်းတော မှ စစ်တွေ သို့  ရောက်ရှိလာသော UNHCR မောင်းတောရုံးမှ အကြီးတန်းလက်ထောက် ဒေါ်မြနန္ဒာအောင် ကို အယ်ခိုင်ဒါနှင့်ဆက်သွယ်မှုရှိကြောင်းမသင်္ကာမှုဖြင့် စစ်တွေမြို့၌ သက်ဆိုင်ရာမှထိန်းသိမ်းခဲ့ရာမှ ယနေ့နေ့လည်၁နာရီခန့်တွင် ပြန်လည်လွတ်ပေးလိုက်ကြောင်း မိသားစုဝင်တဦးထံမှသိရှိရပါသည်။

၎င်းနှင့်အတူ အခြားမြန်မာအမျိုးသမီးဝန်ထမ်း ၃ ယောက်ပါ ပြန်လည်လွတ်မြောက်လာပြီး ရန်ကုန်မြို့သို့ ယနေ့နေ့လည် လေကြောင်းခရီးဖြင့် ပြန်လည်လိုက်ပါလာမည်ဟုလည်း Myanmar News Now မှ စုံစမ်းသိရှိရပါသည်။

၎င်း ဒေါ်မြနနာအောင်ဧ။် ဖခင်ဒေါက်တာထွန်းအောင် မှာ UNHCR ၀န်ထမ်းတဦးမဟုတ်ဘဲ သွားဆရာဝန်တဦးသာဖြစ်ပြီး ခုအခါ မောင်းတော န.စ.ကမှ ထိန်းသိမ်းကာ ဆက်လက် စုံစမ်းစစ်ဆေးနေဆဲဟုသိရပါသည်။

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။